1. Home
  2. Good Morning Myanmar

ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ကုသဆောင်များ တိုးချဲ့ဆောက်လုပ်နေ

Good Morning Myanmar ก.ค. 04, 2560 view 1,376

ကုတင် ၈၀၀ ဆံ့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ထပ်တိုးပေးနိုင်ဖို့ ဆေးကုသဆောင်၊ လူနာဆောင်တွေ တိုးချဲ့ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အရေးပေါ်ကုသမှုဌာန၊ခွဲစိတ်ခန်းများ၊ မွေးဖွားခန်းများနဲ့လူနာအဆောင်တွေပါဝင်တဲ့ ငါးထပ်ဆောင်အသစ်ကို တိုးချဲ့ဆောက်လုပ်နေတဲ့ အကြောင်း ဇူလိုင် ၁ ရက်ကနေ ၃ ရက်အထိပြုလုပ်နေတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး နှစ် ၁၂၀ ပြည့်အထိမ်းအမှတ်ပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။

ဗဟိုအဆင့်ရှိ အမျိုးသမီးဆေးရုံကြီးမှာ မွေးကင်းစကလေးလူနာတွေ အတွက် ကုသတိုးချဲ့အဆောင်သစ်ကို ယခု ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကနေ စတင်ဝန်ဆောင်မှု ပေးနေတာဖြစ်ပါတယ်။လက်ရှိ မွေးကင်းစလူနာတိုးချဲ့အဆောင်သစ်မှာ ကလေးလူနာဦးရေ ၈၀ ကျော်ကိုကုသနေပြီး ယခင်နှစ်တွေထက် နှစ်ဆတိုးမြှင့်ကုသပေးနိုင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ကလေးမရနိုင်တဲ့သူတွေအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ Fertility Center မှာ ဆေးကုသတာအပြင် ဖန်ပြွန်သန္ဓေသား ၀န်ဆောင်မှုပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မီးဖွားကုသစောင့်ရှောက်တာ၊မွေးကင်းစကလေး ပြုစုတာနဲ့ ကြိုတင်ကာကွယ်ဆေးထိုးလုပ်ငန်းအပြင် အမျိုးသမီးများဆိုင်ရာ ရောဂါရှာဖွေစမ်း သပ်ကုသတာတွေပြုလုပ်နေပြီး ၂၀၁၆ခုနှစ်အတွင်း ဗဟိုအမျိုးသမီးဆေးရုံကြီးကို တက်ရောက် ကုသသူ ၁၅၀၀နီးပါးရှိခဲ့တယ်လို့သိရပါတယ်။



Follow us on