
"ဖြစ်စဉ်မှာ 4-7-2017 နေ့ နံနက် (2:00 )နာရီက ရန်ကုန်တိုင်း၊ရွှေပြည်သာ မြို့နယ် ၊ အမှတ်(၁၁)ရပ်ကွက် ၊ အောင်စစ်သည် (၂)လမ်းကျွန်တော်၏ နေအိမ် အပေါ်ထပ်တွင် အိမ်သားများ အိပ်ပျော်နေစဉ်သားဖြစ်သူမှ အသံကြား၍ ထကြည့်ရာ အိမ်ရှေ ခန်း ဘီဒိုရှေ့ ၌ မသင်္ကာဖွယ် မိန်းမသဏ္ဍန် တစ်ဦးကို တွေ့ရှိ၍ဟေ့... မင်းဘယ်သူလဲ ဟုမေးမြန်းရာ ရုတ်တရက် ဝရန်တာဘက်သို့ ထွက်ပြေးသွားပြီး ခုန်ဆင်း နေပါသည်။

သားဖြစ်သူမှ လှမ်းဆွဲရာ ဆံပင်ကို ဆွဲမိပြီး ထိုသူမှ လက်သည်းများဖြင့် ကုတ်ခြစ်၍ လက်သီးဖြင့် ထိုးပြီး
သူခိုး သူခိုး ဟု အော်၍ မိသားစုများ ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီးကြပြီး ဥပဒေအတိုင်း အရေးယူနိုင်ရန် ရွှေပြည်သာ ရဲစခန်းသို့ (၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးများပါ ပို့ဆောင် အပ်နှံ ခဲ့ပါသည်။

ယမန်နေ့ညကသားဖြစ်သူ၏အိပ်ရာဘေးတွင်ထားရှိသေ.Samsungအမျိုးအစားလက်ကိုင်ဖုန်းပျောက်ဆုံးနေသောကြောင့် သတိထား၍ နေသည်ဟု သိရပါသည်။မနေ့က အိမ်အပေါ်ထပ်ကို တက်ခိုးတာ ဖုန်းတစ်လုံး ပါသွားတယ်။ကျောင်းမှန် ကန်မှန်း မသိဘူးလား သူခိုးရယ်ပြန်လာ အဖမ်းခံရအောင် တန်ပြန် အစီအမံ လုပ်လိုက်တယ်၊အိမ်နား ပတ်ဝန်းကျင်မှာ ဖုန်းခဏခဏ အခိုးခံရတာမောင်သာချမ်းဆီ တက်ခိုးတော့ မိပြီပေါ့။

ပြည်သူဘက်က တာဝန်ကျေပြီ၊ ရဲစခန်းက ဘယ်လို အဖြေထွက်မလဲစောင့်ကြည့်မယ်။
Credit-Mg Thar Chan
MZT
comment