1. Home
  2. Special or Others

ဝေဖန်ခံနေရတဲ့ ၁၈၅ ဒေါ်လာတန် PRADA အမှတ်တံဆိပ် စက္ကူကလစ်

Special or Others ก.ค. 05, 2560 view 1,600
ဇိမ်ခံပစ္စည်း အဝတ်အစားနှင့် အသုံးအဆာင်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကမ္ဘာကျော် စတန်းဒတ် ဘရန်းဒတ် အီတလီအမှတ်တံဆိပ် PRADA စက္ကူ(သို့မဟုတ်) ပိုက်ဆံများ ညှပ်ထားနိုင်သည့် Clip တစ်ခုကို အမေရိကန်ဒေါ်လာ ၁၈၅ နှင့် ဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့ရာ ဝေဖန်မှုများ ခံနေရသည်။
 
အမေရိကန်ဒေါ်လာ ၁၈၅ (မြန်မာကျပ် ၂သိန်းခွဲကျော်) ပမာဏသည် ကိုယ့်အတွက် အသုံးဝင်သော အရာတော်တော်များများကို ဝယ်ယူနိုင်မှာသေချာပါတယ်။ ဒါပေမယ့် PRADA ကတော့ သူ့ရဲ့ ပိုက်ဆံညှပ်ကလစ်လေးကို အရည်သွေးမီငွေအစစ်နဲ့ ပြုလုပ်ထားပြီး ဒေါ်လာ ၁၈၅ နဲ့ အွန်လိုင်းပေါ်မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။
 

 

ဝေဖန်သူအချို့က ဒီလိုရေးသားထားပါတယ်…
 
“ပေပါကလစ် တစ်ခု ၁၈၅ ဒေါ်လာ၊ ဟုတ်လား..? ဝယ်ပြီးရင်တော့ တစ်ဘဝလုံး ကိုယ်နဲ့မကွာ သိမ်းထားမှဖြစတော့မယ်”
 
“၁၈၅ ဒေါ်လာတန် ပေပါကလစ်ကို ဝယ်နိုင်လောက်အောင် ချမ်းသာနေတယ်လို့ စိတ်ကြီးဝင်နေတယ်”
 
“ပစ္စည်းထွင်ဖို့ ဘာစိတ်ကူးမှမရှိတော့ဘူးလား PRADA ဒီဇိုင်နာရယ် ၁၈၅ ဒေါ်လာထိုက်တန်တဲ့ အခြားတစ်ခုခုကို စဉ်းစားပါလား”
စသည်ဖြင့် ဝေဖန်ခံနေရပါတယ်။
 
စာဖတ်သူရော ပေပါကလစ်တစ်ခုကို ၁၈၅ ဒေါ်လာ ပေးဝယ်မှာလာ..?
ဝယ်ချင်ရင် ဝယ်မှာပေါ့နော်… ပစ္စည်းတိုင်းဟာ လူတိုင်းအတွက် ထုတ်ထားမဟုတ်ဘူးဆိုတဲ့ စကားလဲရှိတာပဲနော်..
တစ်ခုခုတော့ မန့်မေးခဲ့ကြပါဦး…။







 



Follow us on