1. Home
  2. Special or Others

မူးယစ်ဆေးသုံးဖို့ သားသမီးတွေကို ရောင်းချတဲ့ဖခင်

Special or Others ก.ค. 06, 2560 view 1,557

အသက် ၇၀ နှစ်အရွယ် Man Tai Hoh ဆိုသူ အမျိုးသမီးကြီးက သူ၏သားဖြစ်သူဟာ မူးယစ်ဆေးစွဲနေသူဖြစ်ပြီး သူ၏သားသမီး လေးယောက်ထဲမှ သုံးဦးကို မူးယစ်ဆေးအတွက် ရောင်းချခဲ့ပြီး နောက်ဆုံးတစ်ယောက်ကိုလည်း ရောင်းရန် ကြိုးစားနေကြောင်း တိုင်ကြားခဲ့သည်။

Man Tai Hoh သည် မလေးရှာနိုင်ငံ Larkin မြို့တွင်နေထိုင်သူဖြစ်ပြီး သူမ၏သားဖြစ်သူမှာ ပထမအိမ်ထောင်နှင့် ကလေးနှစ်ယောက် ဒုတိယအိမ်ထောင်နှင့် ကလေးနှစ်ယောက် ရရှိခဲ့သည့်အတွက် သူမတွင် မြေး ၄ ယောက်ရှိသည်။

ပထမဆုံးမြေးအကြီးလေး ၈ လသားအရွယ်တွင် သူမ၏သားဖြစ်သူက အမျိုးသမီးဘဝပြောင်းထားသူထံသို့ ကလေးကို ရောင်းချခဲ့သည်။ ဒုတိယမြေးလေးကို ချွေးမဖြစ်သူက သူမ၏ အိမ်တံခါးဝတွင် လာပစ်ထားခဲ့သဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့ရာ ယခုဆိုလျှင် အသက် ၇ နှစ်အရွယ်ပင်ရှိပြီသည်။

နောက်အိမ်ထောင်နှင့်ရသော ကလေးနှစယောက်ကိုလည်း မူးယစ်ဆေးဝါးအတွက် ရောင်းစားခဲ့ပြီးဖြစ်သည်။ ယခုအခါ သူမ၏အုပ်ထိန်းမှုအောက်မှာ နောက်ဆုံးကျန်နေသည့် မြေးလေးကို ရောင်းစားရန် ခြိမ်းခြောက်ခံနေရကြောင်း ပြောဆိုခဲ့သည်။

၂၀၁၁၊ ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်တွေကလည်း သူ့သား၏ လုပ်ရပ်များကို ရဲထံတိုင်ကြားထားခဲ့သည်။ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများခံစားနရသော အမျိုးသမီးကြီးက သူမ၏ မြေးလေးအတွက် စိတ်ပူပန်လျှက်ရှိပြီး အစိုးရ၏ လစဉ်ထောက်ပံ့ကြေး မလေးရှားရင်းဂစ် ၃၀၀ မှာ လောက်ငမှုမရှိပဲ ကလေးကို ကျောင်းထားရန် ခက်ခဲလျှက်ရှိသည်။

 



Follow us on