1. Home
  2. Special or Others

၅ ထပ်တိုက်ပေါ်က ပြုတ်ကျခဲ့တဲ့ အမျိုးသမီး ဓါတ်ကြိုးတန်းနှင့်ချိပ်မိနေ

Special or Others ก.ค. 06, 2560 view 2,125

ပြီးခဲ့တဲ့ စနေနေ့ နေ့လည်းပိုင်းကတရုပ်နိုင်ငံ ဘန်ဇီမြို့မှာရှိတဲ့ နေအိမ်တိုက်ခန်း ၅ လွှာကနေ အမျိုးသမီးတစ်ဦး ဇောက်ထိုးပြုတ်ကျခဲ့ပါတယ်။ အသက်ရှင်ဖို့ လုံးဝမဖြစ်နိုင်တဲ့အခြေအနေမှာ ဓါတ်ကြိုးတန်းနှင့် ချိပ်ပြီး တန်းလန်းကျလျှက် အသက်ဘေးမှ သီသီလေးလွှတ်မြောက်ခဲ့ရပါတယ်။


အဖြစ်အပျက်ကို တွေ့ရှိသူများက အရေးပေါ်ကို အကြောင်းကြားပြီး သတိမေ့မျောနေတဲ့ သူမကို ဓါတ်ကြိုးပေါ်မှ ကယ်ဆယ်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယို အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပပါတယ်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါအမျိုးသမီးမှာ အငယ်အနှောင်းဖြစ်ပြီး ပျော်ပါးနေစဉ် မယားကြီး ပြန်ရောက်လာတဲ့အတွက် ရှောင်ပုန်းရာမှ ပြုတ်ကျခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။

အချို့ကလည်း ပြတင်းပေါက်မှန် သန့်ရှင်းရေးလုပ်နေစဉ် ချော်ကျသွားသည့် အိမ်ရှင်မတစ်ဦးဖြစ်နိုင်ကြောင်း ထင်ကြေးပေး ပြောဆိုခဲ့ကြသည်။


 



Follow us on