1. Home
  2. Myanmar News

iPhone နှင့်ရိုက်ကူးသော ဓါတ်ပုံပြိုင်ပွဲတွင် မြန်မာဓါတ်ပုံဆရာ ဒုတိယဆုရရှိ

Myanmar News ก.ค. 07, 2560 view 1,620

၁၀ ကြိမ်မြောက် နှစ်ပတ်လည် iPhone နှင့်ရိုက်ကူးသော ကမ္ဘာတစ်လွှားမှ ဆုရဓါတ်ပုံများစာရင်းတွင် မြန်မာနိုင်ငံမှ ဓါတ်ပုံဆရာ ဇာနည်မျိုးဝင်း၏ ဓါတ်ပုံ ဒုတိယဆု ရရှိခဲ့သည်။


ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ ကျော်မှ ယှဉ်ပြိုင်လာသော ဓါတ်ပုံများထဲမှ “အခြားအရာများ (Other)” ခေါင်းစဉ်အောက်တွင် မြန်မာဓါတ်ပုံဆရာ ဇာနည်မျိုးဝင်းက ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က မိုးရွာပြီးကာစ ရန်ကုန်မြို့လည်တစ်နေရာတွင် လမ်းမပေါ်ရှိ ရေအိုင်ငယ်လေး နံဘေးမှ လူငယ်တစ်ဦး လမ်းလျှောက်သွားပုံကို ထူးခြားဆန်းသစ်သော ဓါတ်ပုံအမြင်ဖြင့် ရိုက်ကူးခဲ့ကာ ပေးပို့ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။


တစ်နှစ်ပတ်လုံးအကောင်းဆုံးဓါတ်ပုံဆရာဆု (Grand Prize Winner) ကို အမေရိကန်နိုင်ငံမှ Sebastiano Tomada က အီရတ်နိုင်ငံရှိ ISIS တို့သိမ်းပိုက်ထားသော Qayyarah မြို့ရှိ လမ်းပေါ်တွင် စစ်ဘေးဒဏ်ခံနေရသော ကလေးငယ်များ ပုံနှင့် အမြင့်ဆုံး Grand Prize ဆုရရှိခဲ့သည်။

ပထမဆုကို အိုင်ရီလန်နိုင်ငံ၊ ဒုတိယဆုကို စင်ကာပူနိုင်ငံ၊ တတိယဆုကို တရုပ်နိုင်ငံ ဓါတ်ပုံဆရာအသီးသီးမှ ရရှိခဲ့ကြသည်။



**ဆုရဓါတ်ပုံများ**


Grand Prize (Photographer Of the Year)



1st Place (Photographer Of the Year)



2nd Place (Photographer Of the Year)


3rd Place (Photographer Of the Year)



 



Follow us on