1. Home
  2. Special or Others

ထောင်နဲ့ချီသော အလုပ်အကိုင်နေရာများ လျှော့ချမည်ဟု မိုက်ခရိုဆော့ဖ်ကြေညာ

Special or Others ก.ค. 07, 2560 view 1,429

ထိရောက်သော လုပ်ငန်းခွင် ပြန်လည်ဖွဲ့စည်းရန်အတွက် မိုက်ခရိုဆော့ဖ်မှ ထောင်နဲ့ချီသော အလုပ်သမားများကို လျော့ချတော့မည်ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့က အတည်ပြုကြေညာလိုက်သည်။

မိုက်ခရိုဆော့ဖ်အနေနဲ့ Cloud service ကို ရှေ့လျှောက် ပိုမိုအလေးထားလုပ်ကိုင်သွားတော့မှာဖြစ်တဲ့အတွက် ယခုလို ဝန်ထမ်း​များ လျော့ပေါ့ရန် ကြေညာချက်က အရောင်းဝန်ထမ်းများ အပေါ်အကြီးအကျယ် သကရောက်မှုရှိနိုင်ကြောင်း CNBC သတင်းက ဖော်ပြထားပါတယ်။ ကုမ္ပဏီရဲ့ အရောင်းဝန်ထမ်း ၁၀ ရာခိုင်နှုန်းလောက် လျော့ချမယ်ဆိုရင်တောင် ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်လောက်က သူတို့အလုပ်ကို လက်လွှတ်ကြရမှာဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ်အနေနဲ့ ဝန်ထမ်းအရေအတွက် ဘယ်လောက် လျော့ချမယ်ဆိုတာကိုတော့ အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

"မိုက်ခရိုဆော့ဖ်က ဝယ်ယူအားပေးသူတွေနဲ့ စီပွားရေးလက်တွဲဖော်တွေအတွက် ပိုပြီးအဆင်ပြေကောင်းမွန်အောင် ပြောင်းလဲမှုတွေပြုလုပ်ရတာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းအချို့ကို သူတို့ရဲ့ လက်ရှိအလုပ်အကိုင်နေရာတွေအတွက် ကုမ္ပဏီက စဉ်းစားသုံးသပ်နေပြီဖြစ်ကြောင်း လျော့ချမှုတွေလဲရှိနိုင်ကြောင်း အသိပေးပြီးဖြစ်ပါတယ်။ ဒါဟာ စီးပွားရးကောင်းမွန်လာဖို့ အခြားကုမ္ပဏီတွေနည်းတူ ကျင့်သုံးကြတဲ့ စီပွားရေးအခြေခံနည်းစနစ်ပဲဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခြားနေရာတွေမှာ ပိုမိုရင်းနှီးမြုတ်နှံလာနိုင်မယ် အဲဒီနေရာတွေအတွက် အလုပ်ပြန်လည်ခန့်အပ်မှုတွေ ရှိလာမှာဖြစ်ပါတယ်” ဟု မိုက်ခရိုဆော့ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

Amazon နဲ့ Google တို့ကို ယှဉ်ပြိုင်နိုင်ရန် မိုက်ခရိုဆော့ဖ်က သူရဲ့ Cloud service ကို အာရုံစိုက်တော့မှာဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့ ကုမ္ပဏီဖွဲ့စည်းပုံပြောင်းလဲမှုကို လွန်ခဲ့တဲ့ တစ်နှစ်ခန့်က အော်ပရေးရှင်း အရာရှိချုပ် Kevin Turner နှုတ်ထွက်ပြီးချိန်မှာ ပြုလုပ်ခဲ့ပါသေးတယ်။
 



Follow us on