1. Home
  2. Good Morning Myanmar

(၂၀၁၇)ခုနှစ် ဇန်န၀ါရီလ(၁)ရက်မတိုင်မှီ အလည်အပတ်နိုင်ငံကူး လက်မှတ် ရရှိထားတဲ့ အလုပ်သမားများကိုသာ မလေးရှားနိုင်ငံသို့စေလွှတ်ခွင့်ပြုမည်

Good Morning Myanmar ก.ค. 07, 2560 view 1,389

(၂၀၁၇)ခုနှစ် ဇန်န၀ါရီလ(၁)ရက်မတိုင်မီ အလည်အပတ်နိုင်ငံကူးလက်မှတ်ရရှိထားတဲ့ အလုပ်သမားများကို မလေးရှားနိုင်ငံသို့ စေလွှတ်ခွင့်ပြုမယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေကို ဇူလိုင်လ (၄)ရက်မှာအကြောင်းကြားခဲ့တယ် လို့သိရပါတယ်။

မလေးရှားနိုင်ငံကိုအလုပ်သမားစေလွှတ်ဖို့ ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ် ဒီဇင်ဘာလမှစပြီး ရပ်ဆိုင်းထားခဲ့ပါတယ်။အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မလေးရှားနိုင်ငံကို အလုပ်သမားပြန်လည်စေလွှတ်ဖို့အတွက် ဇွန်လ(၂၈)ရက်က မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် နဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေကိုအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

အခု စေလွှတ်မယ့်အလုပ်သမားတွေဟာ မလေးရှားကိုသွားရောက်ဖို့အတွက် (၇)လကျော်လောက်စောင့်ဆိုင်းခဲ့ရတာကြောင့် အလုပ်သမားတွေမှာ နစ်နာမှုတွေရှိတယ်လို့ သိရပါတယ်။ လက်ရှိ မလေးရှားနိုင်ငံကို အလုပ်ခေါ်စာရရှိပြီး အလုပ်သမားသံအရာရှိ ထောက်ခံပြီး သားနဲ့ အလုပ်ခေါ်စာရရှိပြီး အလုပ်သမားသံအရာရှိမထောက်ခံရသေးတဲ့ အလုပ်သမားဦးရေ ရှစ်ထောင်ကျော်ရှိတယ်လို့သိရပြီး အလုပ်သမားအများစုဟာ အလည်အပတ်နိုင်ငံကူးလက်မှတ် ရရှိထားတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။



Follow us on