1. Home
  2. Myanmar News

လင်မယားချင်းစကားများကြရာမှ မိန်းမကို ဓါတ်ဆီလောင်း မီးနဲ့ရှို့မှုဖြစ်ပွား

Myanmar News ก.ค. 07, 2560 view 1,428

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာမှာ ဇူလိုင်လ ၆ ရက် ည ၇ နာရီလောက်က လင်မယားချင်း စကားများ ရန်ဖြစ်ရာက မိန်းမဖြစ်သူကို ဓာတ်ဆီလောင်းမီးရှို့မှု ဖြစ်ပီားခဲ့သည်။


လင်မယားချင်း စကားများ ရန်ဖြစ်ရာက ဒေါ်တင်တင်ညိုကို ခင်ပွန်းဖြစ်သူ ဇော်ကြီးက မောင်းနှင်လာတဲ့ LOUJIA (လော့ဂျာ) ဆိုင်ကယ်အတွင်းက ဓာတ်ဆီကို ခွက်နဲ့ထည့်ယူပြီး ပက်ဖျန်းခဲ့ပြီး အသင့်ပါလာတဲ့ ဂက်စ်မီးခြစ်နဲ့ မီးရှို့ခဲ့တာလို့ ညောင်လေးပင် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မိုးက ပြောပါတယ်။


မီးရှို့မှုကြောင့် ဒေါ်တင်တင်ညိုဟာ မျက်နှာနဲ့ ခန္ဓာကိုယ်တခုလုံး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ညောင်လေးပင်မြို့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
မီးရှို့မှုနဲ့ပတ်သက်ပြီး ဇနီးကို ဓာတ်ဆီနဲ့ ပက်၊ မီးရှို့သူ ဇော်ကြီးကို ညောင်လေးပင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

DVB

 



Follow us on