1. Home
  2. Special or Others

လူငယ်ဆရာဝန်တစ်ဦး လေးရက်ဆက်တိုက် အလုပ်လုပ်ခဲ့ပြီးနောက် သေဆုံး

Special or Others ก.ค. 07, 2560 view 1,619
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဆေးရုံတစ်ရုံတွင် တာဝန်ထမ်းဆောင်နေသော မေ့ဆေးဆရာဝန်တစ်ဦး လေးရက်ဆက်တိုက် နေ့ညမနားပဲ အလုပ်တာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် ဂျူတီချိန်အတွင်း ဆေးရုံပါ်မှာ ရုတ်တရက်လဲကျ သေဆုံးခဲ့ပါတယ်။
 
Dr. Stefanus Taofik ဟုအမည်ရတဲ့ မေ့ဆေးဆရာဝန်တစ်ဦးက ရုံးပိတ်ရက်များအတွင်း ခွင့်ယူသွားကြသော လုပ်ဖော်ကိုင်ဖက်များနေရာတွင် အစားဝင်ရောက် ကူညီပေးရသည့်အပြင် အနီးနားရှိ အခြားဆေးရုံ နှစ်ရုံတွင်လည်း လိုအပ်ပါက သွားရောက်ကူညီပေးရင်း နေ့မအိပ် ညမအိပ် လေးရက်ဆက်တိုက် အလုပ်လုပ်ခဲ့ရသည်။
 
လေးရက်ကျော်လွန်ပြီး ခေတ္တနားနေချိန်တွင် အနားမယူပဲ ဆက်တိုက် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့ဒဏ်ကြောင့် နှလုံးအလုပ်မလုပ်နိုင်တော့ပဲ သေဆုံးသွားကြောင်း ကောက်ချက်ချခဲ့သည်။ သေဆုံးရသည့် နောက်ထပ်အကြောင်းရင်းမှာ မျိုးရိုးဗီဇရောဂါတစ်မျိုးကြောင့် ဖြစ်နိုင်ပြီး အိပ်ပျော်နေစဉ်မှာတောင် အဆိုပါရောဂါ ဖောက်လာပါက နှလုံးရပ်ပြီး သေဆုံးတတ်ကြောင်း သိရှိရသည်။

 

Dr. Stefanus Taofik သေဆုံးချိန်တွင် အသက ၃၅ နှစ်သာရှိသေးပြီး ဇနီးနှင့် တစ်နှစ်အရွယ် သားငယ်လေးကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
 


လူရဲ့ခံနိုင်ရည်အားဟာ အကန့်အသတ်ရှိပါတယ် အဲ့ဒီအကန့်အသတ်ကို ကျော်လွန်အောင် အသုံးပြုမယ်ဆိုရင် အသက်အန္တရာယ်ရှိတတ်တာမို့ သင့်ရဲ့ မိတ်ဆွေတွေကို ဒီသတင်းလေး လက်ဆင့်ကမ်းပေးခြင်းဖြင့် သတိပေးလိုက်ပါ။

 



Follow us on