1. Home
  2. Myanmar News

မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ တောင်းဆိုချက်များကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော် ဆောင်ရွက်ပေးရန် သဘောတူညီ

Myanmar News ก.ค. 08, 2560 view 1,829

YBS ယာဉ်နှစ်စီး တိုက်ခဲ့မှုတွင် မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသူ မခင်ပွင့်ဖြူအပါအဝင် လူ ၉ ဦးသေဆုံးခဲ့ပြီး ကျောင်းသူကျောင်းသားများအပါအဝင် ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်းပြီး မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်တို့ မြောက်ဥက္ကလာပဆေးရူံတွင် တွေ့ဆုံစဉ် ဝန်ကြီးမှ အောက်ပါအချက်များကို အမြန်ဆုံးဆောင်ရွက်ပေးရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

မြောက်ဥက္ကလာဆေးရုံတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ​မှော်​ဘီနည်းပညာတက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂ၊ ​မှော်​ဘီနည်းပညာတက္ကသိုလ်​ကင်း​ထောက်​အဖွဲ့၊ အခြား​ကျောင်းသားများ တွေ့ဆုံ၍ ယာဉ်တိုက်မှုဖြစ်စဉ်အတွက် အောက်ပါအချက်များအား ညှိနှိုင်းပြီးသဘောတူညီမှုရရှိခဲ့ပါသည်။


၁။ ယဉ်တိုက်မှုဖြစ်စဉ်တွင် တာဝန်ရှိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်တို့အား ထိရောက်စွာ အရေးယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပေးမည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများနှင့် မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂကိုပါ ဖိတ်ကြားသွားမည်။


၂။ ယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးသော ကျောင်းသူ၏ မိဘ၊အုပ်ထိန်းသူများ၊ ကျန်ရစ်သူမိသားစုများ ကျေနပ်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်။


၃။ မြောက်ဥက္ကလာဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရသော ကျောင်းသားအတွက် ဒဏ်ရာများပျောက်ကင်းသည်အထိ အလုံးစုံ တာဝန်ယူပေးမည်။


၎။ ၈.၇.၂၀၁၇ တွင် အရေးပေါ်အစည်းအဝေးခေါ်ယူ၍ ကိုင်တွယ်ဖြေရှင်းသွားမည်။


၅။ အထက်ပါအစည်းအဝေးမှ တစ်ဆင့် လက်ရှိ ၅၅ ယာဉ်လိုင်းအား အများပိုင်စနစ်သို့ ပြောင်းလဲခြင်း (သို့) အခြားသော အများပိုင်ယာဉ်လိုင်းတစ်လိုင်းအား ထပ်တိုးပြေးဆွဲခြင်းအား အမြန်ဆုံး အကောင်အထည်ဖော်သွားမည်။


၆။ ​ကျောင်း​ရှေ့ လမ်းမ​ပေါ်တွင်​ ယဉ်​အန္တရာယ်​ သတိ​ပေးအမှတ်​အသားများမရှိခြင်းနှင့် ​ကျောင်းသားများ လမ်း​လျှောက်​ရန်​ ပလက်​​ဖောင်း(သို့) ​မြေသားလမ်းပခုံးမရှိခြင်းအား အမြန်​ဆုံး ​ဖြေရှင်း​ဆောင်​ရွက်​​ပေးမည်​။


Source: မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
 



Follow us on