1. Home
  2. Special or Others

အဖွားအိုရထားတိုက်ခံရမည့်ဘေးမှ အသက်စွန့်ကယ်တင်ခဲ့သူ ခြေတစ်ဖက်ပြတ်ခဲ့ရ

Special or Others ก.ค. 10, 2560 view 1,630

တရုပ်နိုင်ငံ ချောင်ကွင်းမြို့အနီး ရထားတစ်စီးမောင်းနှင်လာစဉ် အမျိုးသမီးကြီးတစ်ဦးက ရထားလာနေသည်ကို မမြင်ပဲ ရထားလမ်းကူးရန် ကြိုးစားနေစဉ် ရထားမောင်းသူမှ အလျှင်အမြန် ကယ်တင်ခဲ့သဖြင့် အသက်ချမ်းသာခဲ့သော်လည်း ရမောင်းသူမှာ ရထားကြိတ်ခံခဲ့ရသဖြင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည်။
 


အလွန်ပင် လူမှုရေးအသိအပြည့်အဝရှိပြီး သူရဲကောင်းစိတ်ဓါတ်ရှိသူဟု ဆိုရလောက်သည်။ ရထားမောင်းသူ Xu Qiankai အသက် ၂၉ နှစ်မှာ ရထားမောင်းနှင်လာစဉ် အမျိုးသမီးကြီးတစ်ဦး လမ်းဖြတ်ကူးနေတာကို လှမ်းတွေ့ခဲ့ပြီး အရေးပေါ်ဘရိတ်ဆွဲကာ ဟွန်းသံပေးခဲ့သည်။ သို့သော် အမျိုးသမီးကြီးမှာ ရထားလမ်းပေါ်မှ ဆင်းရှောင်ရမည့်အစား ကြက်သေ သေကာ ရထားလမ်းပေါ်တွင် တောင့်တောင့်ကြီး ရပ်နေခဲ့သည်။


သူဆင်မကယ်ရင် အမျိုးသမီးကြီး ရထားကြိတ်ခံရတော့မည်ကိုသိသော Xu က ရထားတွဲပေါ်မှ ခုန်ဆင်းကာ ရထားထက်မြန်အောင် ပြေးရင်း အမျိုးသမီးကြီးကို ရထားလမ်းပေါ်မှ ဆွဲချကယ်နိုင်ခဲ့သည်။ ဒါပေမယ့် သူ၏နောက်မှ ကပ်လျက်ပါလာသော ရထားကြောင့် သူ၏ခြေထောက်တစ်ဖက် မလွတ်တော့ပဲ ကြိတ်ခံခဲ့ရသည်။

 

ဆေးရုံသို့ အမြန်ပို့ခဲ့ပြီးနောက် ညာဘက်ခြေထောက် ဒူအောက်ပိုင်းမှ ဖြတ်ပစ်ခဲ့ရသည်။
“ကျွန်တော့ခြေတစ်ဖက် ဖြတ်ခဲ့ရပေမယ့် အသက်တစ်ချောင်းတော့ ကယ်နိုင်ခဲ့ပါတယ်၊ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး ကြုံမယ်ဆိုရင်လဲ ကျွန်တော် ဒီလိုပဲ ထပ်လုပ်ဦးမှာပဲ” ဟု Xu က ဆေးရုံကုတင်ပေါ်ကနေ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

 

Xu ကယ်တင်လိုက်တဲ့ အမျိုးသမီးကြီးဟာ အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး နားမကြားသူဖြစ်ကြောင်း သိရှိရသည်။ သူမဟာ Xu ရဲ့ ကုတင်ဘေးကနေ ထိုင်ကန်တော့ရင်း ကျေးဇူးတင်ကြောင်းပြသခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ သူမအနေနဲ့ ရထားလမ်းကူး သတိပေးဆိုင်းဘုတ်ကို သတိပြုခဲ့သင့်သည် မဟုတ်ပါလား..။
 

 



Follow us on