1. Home
  2. Myanmar News

ရဲတပ်သားက သေနတ်နှင့် လိုက်လံ ပစ်ခတ်မှုကြောင့် ရဲအုပ် (၁) ဦး သေဆုံး

Myanmar News ก.ค. 10, 2560 view 1,463

ရှမ်းပြည်နယ် ၊ လားရှိုးမြို့နယ်၊ နမ့်ပေါင် ရဲကင်းစခန်း တာဝန်ကျ ရဲတပ်သား (၁) ဦးဟာ ဇူလိုင် (၅) ရက် နေ့လယ်ပိုင်းက သူ့ကိုထုတ်ပေးထားတဲ့မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တာကြောင့်ရဲအုပ်(၁)ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။သေဆုံးသူ ရဲအုပ်ရဲ့နေအိမ်မှာ စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အခြား ရဲအုပ် နေအိမ်ဘက်ကို ထွက်ပြေးရာ နောက်ကနေ သေနတ်နဲ့ (၇) ချက် လိုက်လံ ပစ်ခတ်မှုကြောင့် သေဆုံးရတာပါ။

ရဲအုပ်မှာ ၀ဲဘက် လက်မောင်းမှာ သေနတ်ဒဏ်ရာ (၁) ချက်၊ ယာဘက် နောက်ကျော (၃) ချက်၊ ယာပေါင် နောက်ဘက် (၁) ချက်၊ ယာခြေသလုံးမှာ (၁) ချက်၊ ယာဘက် ရင်အုံမှာ (၁) ချက် တို့ရရှိပြီး ထွက်ပြေးတဲ့ ရဲအုပ် နေအိမ်ရှေ့ လမ်းပေါ်မှာ လဲကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။အမှုနဲ့ ပတ်သက်ပြီး သေဆုံးအောင် သေနတ်နဲ့ လိုက်လံ ပစ်ခတ်သူ ရဲတပ်သား သီဟကို လားရှိုးမြို့မ ရဲစခန်းက (ပ) ၂၁၉ / ၁၇၊ ရာဇသတ်ကြီး ပုဒ်မ (၃၀၂) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source :Central News Bureau



Follow us on