1. Home
  2. Good Morning Myanmar

ရွှေဈေးကျနေပေမယ့် ရွှေဝယ်ယူသူနည်းပါးနေ

Good Morning Myanmar ก.ค. 11, 2560 view 1,396

ဇူလိုင်လဆန်းပိုင်းကစတင်ပြီး ရွှေဈေးကျနေပေမယ့် ရွှေအရောင်းအ၀ယ်အေးနေတယ်လို့ ရွှေရောင်းဝယ်သူတွေထံက သိရပါတယ်။ရွှေဈေးကျနေပေမယ့် ရွှေဝယ်လိုအားနည်းတာကတော့ မြန်မာနိုင်ငံကတောင်သူတွေအသီးအနှံမပေါ်သေးတာနဲ့ ကျောင်းဖွင့်ရာသီ ဖြစ်နေတာကြောင့် လို့သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ရွှေထည်လက်ဝတ်ရတနာ ကြိုက်တဲ့နိုင်ငံ ဖြစ်ပေမယ့် လည်း ပြည်သူလူထုဝင်ငွေကောင်းမှသာ ရွှေဝယ်ယူမှုများမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့အထွေထွေအတွင်းရေးမှုး ဦးကျော်ဝင်းက ပြောပါတယ်။နှစ်စဉ်ယခုလိုအချိန်မျိုးမှာ ရွှေဈေးကျတက်ပေမယ့် ယခုနှစ်ရွှေဈေးဟာ ယခင်နှစ်တွေလောက်အထိတော့ ရွှေဈေးကျသွားတာမျိုးမရှိဘူးလို့သိရပါတယ်။

ယခုလိုရွှေဈေးကျလာ တာဟာ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးကျနေတာကြောင့်အပြင် ရွှေအဓိကအသုံးပြုတဲ့နိုင်ငံတွေမှာလည်း ၀ယ်လိုအားနည်းတာနဲ့လည်း သက်ဆိုင်တယ်လို့ပြောပါတယ်။လက်ရှိ ဇူလိုင်လ(၈)ရက်အတွက် အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် (၈)သိန်း(၉)သောင်း(၁)ထောင်ပေါက်ဈေးရှိပြီး (၁၅)ပဲရည် လက်ဝတ်ရတနာရွှေတစ်ကျပ်သားကို ငွေကျပ်(၈)သိန်း(၃)သောင်း(၉)ထောင် ပေါက်ဈေးရှိတယ်လို့သိရပါတယ်။ရွှေဝယ်ယူမှုအတွက် အခွန်ဆောင်ရာမှာတော့ လက်ဝတ်ရတနာကို ရွှေဝယ်ယူမှုအဖိုးအခရဲ့ ၁ ရာခိုင်နှုန်း ပေးဆောင် ရတာဖြစ်တယ်လို့သိရပါတယ်။



Follow us on