1. Home
  2. Good Morning Myanmar

ရန်ကုန်တိုင်းတွင် ဇွန်လအတွင်းလူသတ်မှု(၁၅)မှုအပါဝင် အမှုကြီး(၃၈)မှု ဖြစ်ပွားခဲ့

Good Morning Myanmar ก.ค. 11, 2560 view 1,383

ရန်ကုန်တိုင်းဒေသကြီးမှာ ဇွန်လအတွင်း လူသတ်မှု(၁၅)ခုအပါဝင် အမှုကြီး(၃၈)မှုဖြစ်ပွား ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။ဇွန်လအတွင်း အမှုကြီး (၁၀)မျိုးအနက် လူသတ်မှု(၁၅)မှုနဲ့ လုယက်မှု(၄)မှု၊မုဒိမ်းမှု(၁၉)မှု ဒီအမှု (၃)မျိုးဖြစ်ပွားခဲ့ပြီး ကျန်အခြားအမှုကြီး(၇)မျိုးကတော့ မဖြစ်ပွားခဲ့ဘူးလို့လဲ စာရင်းတွေအရသိရပါတယ်။ပြီးခဲ့တဲ့ မေလနဲ့ နှိုင်းယှဉ်ရင်တော့ လူသတ်မှုက(၅)မှုတိုးလာခဲ့ပြီး မုဒိမ်းမှုက (၅)မှုလျော့ကျခဲ့ကာ အမှုကြီးစုစုပေါင်းကတော့ (၃၈)မှု အတိုးအလျော့မရှိခဲ့ဘူးလို့လည်းသိရပါ တယ်။

အခြားအမှုတွေဖြစ်တဲ့ ခိုးမှုအမျိုးမျိုး၊ယာဉ်နာကျင်စေမှု၊ရိုးရိုးနာကျင်စေမှုတွေနဲ့ ကျန်အခြား အမှုတွေ အပါအ၀င် အခြားအမှုစုစုပေါင်း(၁၃၅၁)ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ မေလထက်တော့ အမှုပေါင်း(၆၀)ကျော် လျော့ကျခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ ကြိုတင်ကာကွယ်ဖမ်းဆီးမှုတွေဖြစ်တဲ့ လက်နက်ပုန်း၊လောင်းကစား၊ပြည့်တန်ဆာ၊ကျင့်၅၄၊ ယစ်မျိုး၊ ရဲအက်၊ ခြေချူပ်၊ မှုယစ်ဆေးဝါး၊ ဆင်ဆာမဲ့ဗီဒီရိုစတာတွေကို ဇွန်လအတွင်း အမှုပေါင်း(၂၄၀၀)ကျော်အထိ ဖမ်းဆီးထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့လထက် အမှုပေါင်း(၃၄၀)ကျော် တိုးဖမ်းဆီးနိုင်ခဲ့တယ်လို့လဲ သိရပါတယ်။



Follow us on