1. Home
  2. Special or Others

ကျန်းမာရေးဝန်ထမ်းက အသက်ကြီးလူနာကို ကျိတ်ပြီးနှိပ်စက်မှုပေါ်ပေါက်

Special or Others ก.ค. 11, 2560 view 1,377

အချို့သောနိုင်ငံတွေမှာ အသက်အရွယ်ကြီးရင့်နေတဲ့ နာတာရှည် မိအို၊ဖအိုတွေကို အိမ်မှာမထားတော့ပဲ စောင့်ရှောက်ရေးဂေဟာကို ပို့ထားကြတာဟာ ထုံးစံလို ဖြစ်နေပါပြီ။ အိမ်ရှိလူကုန် အလုပ်ထွက်လုပ်မှ စားဝတ်နေရေး အဆင်ပြေတဲ့  နိုင်ငံမျိုးတွေမှာ သားသမီးတွေက ရွေးချယ်စရာမရှိပဲ မိဘကို အချိန်ပြည့် စောင့်ရှောက်ပေးနိုင်တဲ့ ဂေဟာမှာ ထားခဲ့ကြရပြီး တစ်ပတ်တစ်ခါလောက်သာ လာကြည့်နိုင်ပါတယ်။

အသက် ၈၉ နှစ်အရွယ် George Karam ဆိုတဲ့အဖိုးအိုဟာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန် ရောဂါဝေဒနာတွေခံစားနေရတဲ့ စောင့်ရှောက်ရေးဂေဟာက နာတာရှည်တစ်ဦးဖြစ်ပါတယ်။ သူ့မိသားစုတွေက သူကိုလာကြည့်ကြတဲ့တစ်နေ့မှာ ခန္ဓာကိုယ်ပေါ်မှာ လက်သည်မပေါ်တဲ့ ဒဏ်ရာတွေကို တွေ့ခဲ့ရပါတယ်။
ဒါကြောင့်မို့ သူရဲ့ သားအကြီးကောင်က အခန်းထဲမှာ စီစီတီဗီကင်မရာကို တပ်ဆင်ထားခဲ့ပါတယ်။ နောက်တစ်ပတ် သူတို့ဂေဟာကို ရောက်လာပြီး စစ်ဆေးကြည့်တဲ့အခါ လုံးဝမထင်မှတ်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။

အဖိုးအိုကို ပြုစုစောင့်ရှောက်ပေးတဲ့ဝန်ထမ်း Xiao ဆိုသူက ကြမ်းတမ်းစွာ ပြုမူဆက်ဆံတာ၊ မျက်နှာကို အကြိမ်များစွာ ကပ်ထိုးတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရဲကိုတိုင်ကြားခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါအဖြစ်အပျက်ဟာ ကနေဒါနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာလည်း မြန်မာအမျိုးသားနပ်စ်တစ်ဦး အလားတူအပြုမူမျိုး ကျူးလွန်ခဲ့ခြင်းကြောင့် အရေးယူခံခဲ့ရပါသေးတယ်။








 



Follow us on