
ဖုန်းပြောသံကျယ်လောင် သည်ဟုဆိုကာ သက်တော် (၅၆) နှစ်၊ ဝါတော် (၂၅) နှစ်ရှိကျောင်း ထိုင်ဆရာတော်က ပြည်မြို့နယ် သမဝါယမအသင်းစုလီမိတက်ဒု ဥက္ကဋ္ဌကို ဓားမဖြင့်ခုတ်မှုဇူလိုင် ၁၀ ရက်ကဖြစ်ပွားခဲ့သည်။
ပေါင်းတလည်မြို့၊ ဘန့်ပြင် ကြီးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ တွင်သမဝါယမအသင်းချေးငွေ များ ထုတ်ပေးနေသည့် သမဝါယ မအသင်းဒုဥက္ကဋ္ဌဖုန်းပြောနေစဉ် ယင်းရွာရှိ အောင်ရတနာကျောင်း ထိုင်ဆရာတော်က ဓားမဖြင့်ခုတ် ခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘နိုင်ငံတာဝန်ကိုထမ်းဆောင် နေတဲ့အချိန် သမအသင်းသား တွေကို ချေးငွေထုတ်ချေးပေးနေ တာပါ။ သမဦးစီးဌာနကဝန်ထမ်း တွေလည်း ရှိပါတယ်။ အဲဒီအချိန် မှာ အသင်းအတွင်းရေးမှူးကဖုန်း ဆက်လို့ချေးငွေထုတ်ပေးနေတဲ့ နေရာကနေထွက်လာပြီး ဖုန်းပြော နေတုန်းနောက်ကနေ အကြောင်း မဲ့သက်သက်ဓားနဲ့တစ်ချက်ခုတ်ခံ လိုက်ရတယ်။ လှည့်ကြည့်တော့ သံဃာတော်တစ်ပါး ဓားရှည်တစ် ချောင်းကိုင်ထားလျက်သား တွေ့ရတယ်’’ ဟု ဓားဖြင့်ခုတ်ခံရသူက ပြောသည်။
အရိုးအသွား ၁၄ လက်မခန့် ရှိဓားမဖြင့် ခုတ်ခံရခြင်းကြောင့် ဝဲဘက်လက်ခလယ် ပြတ်ရှဒဏ် ရာ၊ ဝဲနားရွက်ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ပြည်ဆေးရုံ၌အတွင်း လူနာအဖြစ် တက်ရောက်ကုသ နေရကြောင်း သတင်းရရှိသည်။
‘‘သာမန်ဖြစ်စဉ်၊ သာမန်ဒဏ်ရာသာဖြစ်တဲ့အတွက် ဆရာတော်ကို ရာဇသတ်ကြီးပုဒ်မ ၃၂၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရတယ်။ ခေါ်ယူစစ်ဆေးပြီး အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တာ ကြောင့် ခံဝန်နဲ့အာမခံပေး ပြန်လွှတ်ပေးရမှာဖြစ်တယ်။ ဘုန်းကြီး ကျောင်းအတွင်းမှာ ပုဆိုးမြှောက်ပြီး ဖုန်းကျယ်လောင်စွာပြောတာ ကို မကျေနပ်တာကြောင့်လို့ အကြမ်းဖျဉ်းသိရတယ်’’ဟု ပြည်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်း ထွန်းအောင်ကပြောသည်။
7DayDaily
comment