1. Home
  2. Special or Others

တစ်ပတ်အတွင်း ထီဆုကြီး နှစ်ကြိမ်ပေါက်တဲ့ ဆယ်ကျော်သက် မဟာကံထူးရှင်

Special or Others ก.ค. 12, 2560 view 1,408

ဘဝမှာ တစ်ကြိမ်တစ်ခါလောက် ထီဆု ကြီးကြီးမားမားပေါက်ချင်ကြတာ လူတိုင်းရဲ့ မျှော်လင့်ချက် အိမ်မက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထီဆုကြီးပေါက်ဖို့ဆိုတာ လုံးဝမလွယ်ကူမှန်း လူတိုင်းနားလည်ထားပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက အသက် ၁၉ နှစ်အရွယ် ဒိုမင်ဂတ်စ်(Dominguez) ဆိုသူ မိန်းကလေးကတော့ အတိတ်ကံကောင်းလွန်းသူဟု ဆိုရလောက်အောင် တစ်ပတ်အတွင်းမှာ ထီဆုကြီး နှစ်ကြိမ်တိုင်တိုင် ပေါက်ခဲ့ပါတယ်။

အရီဇိုးနားကနေ ကယ်လီဖိုးနီးယားကို ကားမောင်းပြန်လာတဲ့အချိန် လမ်းက ဓာတ်ဆီဆိုင် တစ်ဆိုင်မှာ ဆီဝင်ဖြည့်ရင်း ၅ ဒေါ်လာတန် Power 5’s ခဲခြစ်ထီတစ်စောင်ကို ကံစမ်းလိုက်ချိန်မှာ ဒေါ်လာ ၅၅၅,၅၅၅ နဲ့ အမြင့်ဆုံး ထီဆုကြီးပေါက်နေတာကို တွေ့ခဲ့ရပါတယ်။ သူမဟာ ဝမ်းသာလွန်းလို့ ငိုမလိုရီမလိုတောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် တစ်ရက်နှစ်ရက်အကြာမှာ ကံဆိုတာ ခဏခဏတော့ မကောင်းနိုင်ပါဘူးလို့ဆိုတဲ့အတွးနဲ့ သူမရဲ့ ကံကိုထပ်စမ်းဖို့  မြို့ထဲက ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ၅ ဒေါ်လာတန် Lucky Fortune ခဲခြစ်ထွတစ်စောင် ဝယ်ယူပြီး ခြစ်ကြည့်ရာ ဒေါ်လာ ၁၀၀,၀၀၀ ထပ်မံပေါက်နေတာကို အံ့သြစွာတွေ့ရှိခဲ့ရပါတယ်။
သူဟာ တစ်ပတ်အတွင်းမှာ ၁၀ ဒေါ်လာအရင်းအနှီးနဲ့ ဒေါ်လာ ၆၅၅,၅၅၅ ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကံအထူးဆုံး ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ သူမကတော့ ရတဲ့ပိုက်ဆံတွေနဲ့ ကားအသစ်တစ်စီးဝယ်ပြီး ဈေးလျှောက်ဝယ်မယ်လို့ ရိုးရိုးလေးပဲပြောခဲ့ပါတယ်။

ပရိတ်သတ်ကြီးလဲ ကံကောင်းချင်ရင် ဓာတ်ဆီဆိုင်မှာ ထီထိုးကြပါလို့…။
 



Follow us on