1. Home
  2. Special or Others

ရေချိုးခန်းအတွင်း ဖုန်းသုံးခဲ့သဖြင့် ၁၄ နှစ်အရွယ် မိန်းကလေးသေဆုံး

Special or Others ก.ค. 12, 2560 view 1,915

ရေချိုးကန်အတွင်း ရေစိမ်ရင်း ဖုန်းသုံးခဲ့သည့်အတွက် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ဓါတ်လိုက်ကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သေဆုံးခဲ့ရသည်။

Madison Coe ဟု အမည်ရသော မိန်းကလေးမှာ နယူးမက္ကစီကိုရှိ ဖခင်ဖြစ်သူ၏နေအိမ်ကို ကျောင်းပိတ်ရက် အလည်သွာစဉ် ရေချိုးခန်းအတွင်း၌ ဖုန်းသုံးနေရင်း ဓါတ်လိုက်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ မိခင်ဖြစ်သူ၏ အဆိုအရ ဖုန်းသုံးနေရင်း အားသွင်းကြိုးကို ပလပ်တပ်လိုက်တာ ဒါမှမဟုတ် အားသွင်းထားသည့် ဖုန်းကို ကောက်ကိုင်လိုက်တာ တစ်ခုခုကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။


ပထမတစ်ကြိမ်တွင် ဖခင်ဖြစ်သူက ​ရေချိုးခန်းတံခါးခေါက်ကာ ထွက်ခဲ့တော့ဟု ပြောစဉ်က အိုခေ ဟု သူမပြန်ပြောခဲ့ပြီး နောက်ထပ် မိနစ် ၂၀ ခန့်ကြာသည်ထိ ထွက်မလာသည့်အတွက် ဖခင်က ထပ်မံတံခါးခေါက် သတိပေးရာ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့သည့်အတွက် တံခါးဖျက်ပြီး ဝင်ခဲ့ရာ လက်တွင် မီးကျွမ်းဒဏ်ရာနှင့် သေဆုံးနေကြောင်း တွေ့ခဲ့ရသည်။

ဖခင်ဖြစ်သူက အရေးပေါ်ကျန်းမာရေး အသက်ကယ်ဝန်ထမ်းဖြစ်သော်လည်း သူ၏သမီးငယ်ကို မကယ်တင်နိုင်ခဲ့ပေ။ Madison Coe သည် ၈ တန်းအောင်မြင်ထားသူဖြစ်ပြီး မကြာမီ အထက်တန်းကျောင်း တက်ရတော့မည့် ကျောင်းသူတစ်ဦးဖြစ်ကာ စာတော်၍ ဉာဏ်ကောင်းသော သူတစ်ပါးကို ကူညီတတ်သူတစ်ဦးဖြစ်ကြောင်း သိရသည်။


GoFungMe အွန်လိုင်းစာမျက်နှာက သောကြာနေ့တွင် ပြုလုပ်မည့် Madison Coe ရဲ့ နာရေးကုန်ကျစရိတ်အတွက် အလှူငွေများ ကူညီစုဆောင်းပေးနေကြောင်း သိရှိရသည်။
 



Follow us on