1. Home
  2. Myanmar News

အိမ်ပေါ်မှ သေးပေါက်မချ ရန် ပြောသော ယောက္ခမကို သားမက်မှ ဓားဖြင့်ထိုးသတ်

Myanmar News ก.ค. 12, 2560 view 1,658

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ၊ တုမရ ကျေးရွာတွင် နေအိမ်ပေါ်မှ သေးပေါက်ချသော သားမတ်ကို ထိုသို့မပေါက်ရန် ယောက္ခမက ပြောသဖြင့် သားမက်ဖြစ်သူက ဓားဖြင့်ထိုးသတ်မှု ဇူလိုင် ၁၀ ရက်နေ့ နေ့လယ် ၂နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းနေ့က မအိအိခိုင် (၂၄)နှစ်သည် အိမ်နောက်ဖေးသို့ ရောက်နေခိုက် ခင်ပွန်းဖြစ်သူ အောင်သန်းကြိုင် (၃၂)နှစ်သည် နေအိမ်ပေါ်မှ နေ၍ အပေါ့အပါး အမြဲတမ်းစွန့်သည်ကို မိခင်ဒေါ်နှင်းလဲ့ ၄၀နှစ်က မပေါက်ရန် ပြောဆိုဆုံးမခဲ့ရာ မကျေနပ်၍ အရိုး ၇လက်မ အသွား ၁၈ လက်မရှိ ဓားရှည်ဖြင့် ရင်ဘက်အား နှစ်ချက်ထိုးသွင်း၍ သတ်ခဲ့ကြောင်း၊မိခင်အော်သံကြား၍ သွားကြည့်ရာ အောင်သန်းကြိုင်မှာ ၄င်းဆုးံမသည့် ကိစ္စကို မကျေနပ်၍ ဓားဖြင့်ထိုး ပြောခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။

ဓားဖြင့် အထိုးခံရသည့် မိခင်မှာ ဆေးရုံအရောက် ဓားဒဏ်ရာဖြင့် သေဆုးံခဲ့၍ မင်းကင်းရဲစခန်းတွင် တိုင်ကြားရာ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ရဲစခန်းမှ ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Source: CentralNewsMyanmar



Follow us on