1. Home
  2. Good Morning Myanmar

အခြေခံပညာအတန်းတွေရဲ့စာမေးပွဲစစ်ဆေးမှုပုံစံပြောင်းလဲမှုအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေ

Good Morning Myanmar ก.ค. 12, 2560 view 1,389

အခြေခံပညာကျောင်းတွေမှာ စာမေးပွဲစစ်ဆေးတဲ့ပုံစံပြောင်းလဲမှုနဲ့ပတ်သက်လို့ ပထမဦးဆုံး အကြိမ်စစ်ဆေးမည့် စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။၂၀၁၇-၂၀၁၈ပညာသင်နှစ်က စတင်ပြီး စာမေးပွဲစစ်ဆေးတဲ့ ပုံစံပြောင်းလဲ စစ်ဆေးဖို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ကြေညာထားပြီး အဲဒီလိုထုတ်ပြန်ထားတဲ့အတွက် လက်ရှိမှာတော့ အခြေခံပညာကျောင်းတွေမှာ အခုဇူလိုင်လကုန်မှာ ပထမဦးဆုးံအကြိမ်ကျင်းပမယ့် စာမေးပွဲမှာ အဆင်ပြေစေဖို့ လက်ရှိမှာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။

ပြောင်းလဲလိုက်တဲ့စာမေးပွဲပုံစံအရ ဒုတိယတန်းကနေ အဋ္ဌမတန်းအထိ အခြေခံ ပညာကျောင်းတွေမှာ တစ်နှစ်ကိုစာမေးပွဲလေးကြိမ်သာစစ်ဆေးဖို့ အခြေခံပညာဦးစီးဌာနက ညွန်ကြား ထားပြီး ကျောင်သားကျောင်းသူ တစ်ဦးချင်းဖြေဆိုတဲ့ပုံစံကနေ(group work)အုပ်စုလိုက်ဖြေဆို တဲ့ပုံစံကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ကျောင်းသားကျောင်းသူ အချင်းချင်းအုပ်စုလိုက် လုပ်ဆောင်မှုရှိစေဖို့အပြင် ဥာဏ်ရည်တိုးတက်မှုရှိစေဖို့အတွက် အခုလိုပြောင်းလဲလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ အခြေခံပညာကျောင်းတွေမှာ ဇူလိုင်လကုန်နဲ့ဒီဇင်ဘာလတွေမှာ အုပ်စုလိုက် စစ်ဆေးတဲ့ ပုံစံနဲ့စစ်ဆေးသွားမှာဖြစ်ပြီး အောက်တိုဘာလနဲ့ဖေဖော်ဝါရီလတွေမှာ တစ်ဦးချင်း ဖြေဆိုတဲ့ပုံစံနဲ့စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ အုပ်စုလိုက်ဖြေဆိုမယ့် ပုံစံအတွက် ကျောင်းသားကျောင်းသူတစ်ဦးချင်းရဲ့ အရည်အချင်းကိုကြည့်ပြီး ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။အုပ်စုလိုက်စစ်ဆေးမှုက ရရှိလာတဲ့ အမှတ်တွေကို(grade)ခွဲပြီး ထုတ်ပြန်သွားမှာ ဖြစ်ကာ အမှတ်ပေးရမယ့်အသေးစိတ်ပုံစံအတွက် ဇူလိုင်လလယ်မှာအခြေခံပညာဦးစီးဌာနက သက်ဆိုင်ရာကျောင်းတွေက ပညာရေးမှူးတွေကိုခေါ်ယူတွေ့ဆုံသွားဖို့ရှိနေတယ်လို့ သိရပါတယ်။



Follow us on