1. Home
  2. Myanmar News

(၇)တန်းကျောင်းသူလေးတဦး မုဒိန်းကျင့်ခံရပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံရ

Myanmar News ก.ค. 13, 2560 view 6,459

၁၁.၇.၂၀၁၇့ တွင် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှ ၇တန်းကျောင်းသူလေးတစ်ဦး လယ်တဲ၌တစ်ဦးထဲရှိနေတုန်း
လူ ၃ ယောက်မှ ၀င်ရောက်လာကာ ကောင်းမလေးကို မုဒိန်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း လူမှုကွန်ရက်သတင်းစားမျက်နှာများမှတစ်ဆင့်သိရှိရပါတယ်။အဆိုပါမိန်းကလေးငယ်ကို ဓားဒဏ်ရာ
၁၈ ချက်ခန့်နဲ့မသေမချင်း သတ်ဖြတ်သွားခဲ့ပါတယ်။ တရားခံ ၃ ဦးကို နန့်ယားတခွင်မှ ပြည်သူ့စစ်များနှင့် ကားမိုင်းရဲတို့မှ အားခြင်းလိုက်လံဖမ်းဆီးရာ(၁၂.၇.၂၀၁)) ညနေပိုင်းမှာ ဖမ်းဆီးနိင်ခဲ့ပြီး ကားမိုင်းရဲစခန်းသို့ ပို့ဆောင်လိုက်ပါပြီ။

"ရန်ငြိုးရန်စမရှိဘဲအပြစ်မဲ့တဲ့ ကျောင်းသူလေးကို ယောက်ကျားကြီး ၃ ယောက်က မုဒိန်းကျင့်ရုံမကဘူး မသေမခြင်းသတ်ဖြတ်ပစ်တာကတော့ယုတ်မာလွန်းရာကျသွားပါပြီဗျာ။ ဒီလိုလူတွေကို ဘယ်လိုအပြစ်ဒဏ်ချမလဲ စောင့်ကြည့်ကြတာပေါ့ဗျာ။ ပေါ့ပျက်ပျက်တော့မဖြစ်စေချင်ဘူးဗျာ" ဆိုပြီး လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောဆိုထားပါတယ်။

Source: မိုးညှင်းအော်သံ

 



Follow us on