1. Home
  2. Good Morning Myanmar

စစ်သွေးကြွများ ၀င်ရောက်လာနိုင်သည့်အခြေအနေကို မလေးရှားသတိရှိနေ

Good Morning Myanmar ก.ค. 13, 2560 view 1,389

အစ္စလာမ္မစ်စစ်သွေးကြွတွေ ခြေကုတ်ယူထားတဲ့ မိုဆူးနဲ့ရက္ကာမြို့တွေကို အီရတ် အစိုးရတပ်တွေက ပြန်လည်သိမ်းယူထားနိုင်ပြီဖြစ်လို့ အဲဒီက အစွန်းရောက်တိုက်ခိုက်ရေးသမားတွေ နိုင်ငံအတွင်းဝင်ရောက်လာနိုင်တာကို မလေးရှားနိုင်ငံအမြင့်ဆုံးသတိရှိနေပါတယ်။ အရှေ့အလယ်ပိုင်း ကနေ ထွက်ပြေးလာတဲ့ အိုင်အက်စ်အဖွဲ့တိုက်ခိုက်ရေးသမားတွေဟာ အရှေ့တောင်အာရှမှာ အခြေစိုက်ဖို့ စီစဉ်နေတယ်ဆိုတာကို ထောက်လှမ်းရေးအချက်အလက်တွေကတစ်ဆင့်သိထားတယ်လို့ မလေးရှားကာကွယ်ရေ၀န်ကြီး ဟစ်ရှမာမူဒင် ဟူစိန်က ပြောပါတယ်။

အိုင်အက်စ်ဟာ မလေးရှားအစိုးရအတွက် နံပါတ်တစ်နှိမ်နင်းမယ့် ရန်သူလည်း ဖြစ်တယ်လို့ ၀န်ကြီးက ကွာလာလမ်ပူမှာပြုလုပ်တဲ့ အာဏာရပါတီUMNOရဲ့ ခရိုင်အဆင့် အစည်းအဝေးပွဲတစ်ခုမှာ ပြောဆိုလိုက်တာပါ။မိုဆူး၊ရက္ကာနဲ့အလက်ပိုမြို့တွေကနေ အိုင်အက်စ်တွေကို တိုက်ထုတ်လိုက်နိုင်တာဟာ စစ်သွေးကြွတွေကို အရှေ့အလယ်ပိုင်းကနေ ထွက်ပြေးစေတဲ့ အခြေအနေ ဖြစ်တာကြောင့် မလေးရှားအန္တရာယ်ဟာ စစ်သွေးကြွအန္တရာယ်ကို သတိရှိမှုအမြင့်ဆုံးရှိ နေတယ်လို့ လည်း ၀န်ကြီးကပြောပါတယ်။

လက်ရှိမှာ တိုက်ထုတ်ခံလိုက်ရတဲ့စစ်သွေးကြွတွေဘယ်လိုဦးတည်နေလဲဆိုတာဟာ မေးခွန်းထုတ်စရာဖြစ်လို့ ဒီအခြေအနေကို စောင့်ကြည့်ဖို့လိုတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။ ရှုံးနိမ့်သွားတဲ့ စစ်သွေးကြွတွေ ဘယ်အခြေအနေရောက်နေတယ်ဆိုတာနဲ့ ဘယ်မှာပုန်းခိုနေတယ် ဆိုတာသိနိုင်မယ့် နောက်ဆုံးရထောက်လှမ်းရေးသတင်းအချက်အလက်တွေကိုသိနိုင်ဖို့ လာမယ့် သတင်းပတ်မှာ ဆော်ဒီအာရေးဗျ၊ယူအေအီးနဲ့ဘာရိန်းနိုင်ငံတွေကို သွားရောက်ဖို့ရှိနေတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။ဒီအတောအတွင်းမှာပဲ မလေးရှားနိုင်ငံဟာ နိုင်ငံ့ဝင်ပေါက်တွေအားလုံးမှာ နယ်စပ်လုံခြုံရေးမြှင့်တင်ထားပါတယ်။



Follow us on