1. Home
  2. Special or Others

KFC စမတ်ဖုန်း အိုင်ဖုန်းထက် စွဲဆောင်မှုရှိ

Special or Others ก.ค. 13, 2560 view 1,460

KFC ဆိုတာ လူတိုင်းသိထားပြီး မြင်သူတိုင်း စာချင်ကြတဲ့ ကမ္ဘာကျော် အမေရိကန် ကြက်ကြော်ဆိုင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ခဲ့တာ မကြာသေးပေမယ့် ပရိသတ်အခိုင်အမာရရှိထားတဲ့ ကြက်ကြော်ဆိုင်ဖြစ်ပါတယ်။ အခုတော့ KFC ဗားရှင်းစမတ်ဖုန်းကို Huawei နဲ့ပူးပေါင်းပြီး ထုတ်လုပ်လိုက်ပါပြီ။


အရောင်တောက်ပနီရဲနေတဲ့ KFC edition စမတ်ဖုံးက မျက်နှာပြင်အကျယ် ၅.၅လက္မ ရှိပြီး၊ မြန်နှုန်းမြင့် ၄၂၅ Snapdragon ပရိုစက်ဆာတပ်ဆင်ထားပါတယ်။ မှတ်ဉာဏ် 3GB နဲ့ ဒေတာသိုလှောင်နိုင်မှု 32GB ကနေ 128GB ထိရရှိနိုင်ပါတယ်။ လက်ဗွေစနစ်လဲ ပါဝင်တာမို့ iPhone ကို ယှဉ်ပြိုင်နိုင်မယ့် ဖုန်းတစ်လုံးအဖြစ် ပြောဆိုနေကြပါတယ်။ ပိုပြီးထူးခြားတာကတော့ ဖုန်းရဲ့ နောက်ကျာဘက်မှာ KFC တည်ထောင်သူ Colonel Sanders ရဲ့ ဖောင်းကြွ အသားတံဆိပ်လေး ပါရှိတာဖြစ်ပါတယ်။ ဖုန်းထဲမှာ KFC မှာယူနိုင်တဲ့ အပလီကေးရှင်းလည်း ပါရှိပါတယ်။


KFC edition ဖုန်းများကို တရုပ်နိုင်ငံမှာ KFC ဖွင့်လှစ်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ပြည့် အထိမ်းအမှတ်အနေနဲ့ Huawei နဲ့ ပူးပေါင်းကာ အကန့်အသတ်နဲ့ ထုတ်လုပ်ထားတာဖြစ်လို့ ဈေးကွက်ထဲမှာ ရောင်းချမှာလား၊ ဈေးနှုန်းကရော ဘယ်လောက်ရှိမယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါမှမဟုတ် KFC ကိုအားပေးတဲ့ စားသုံးသူတွေကို မဲဖောက်ပေးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


သို့သော်လည်း စွမ်းဆောင်ရည်မြင့်ပြီး KFC ရဲ့ အမှတ်တရ အကန့်အသတ် Limited Edition ဖြစ်တာမို့ မြင်သူတိုင်းက လိုချင်စရာဖြစ်နေပါတယ်။

 



Follow us on