1. Home
  2. Special or Others

Facebook က တရားဝင်ဆေးခြောက်အရောင်းအဝယ် Page များကို ပိတ်ပစ်

Special or Others ก.ค. 13, 2560 view 1,602

တရားဝင်ရောင်းချခွင့်လိုင်စင်နှင့် ဆေးခြောက်ရောင်းဝယ်ဖောက်ကားနေသော ဖေ့စ်ဘွခ်စာမျက်နှာ Facebook Page များကို Facebook က မည်သည့်အကြောင်းကြားမှုမျှ မပြုလုပ်ပဲ ပိတ်ချလိုက်သည့်အတွက် အလက်စကားရှိ ဆေးခြောက်လုပ်ငန်းရှင်များ ဒေါသထွက် ပေါက်ကွဲနေကြသည်။

လူမှုကွန်ယက်ပေါ်တွင် ယင်းကဲ့သို့သော ကိစ္စရပ်အကြောင်းအရာများကို ပြောဆိုရေးသားခွင့် ကန့်သတ်ချက်ထားရှိရန် အဖြေရှာနေဆဲဖြစ်ပြီး Facebook အနေနဲ့ တိကျတဲ့ လမ်းညွှန်မှုများ ရှိထားရမည်ဖြစ်ကြောင်း အမျိုးသားဆေးခြောက်လုပ်ငန်းအဖွဲ့အစည်း The National Cannabis Industry Association(NCIA) မှ ပြောကြားလိုက်ပြီး ယခုပိတ်ခံလိုက်ရသော လုပ်ငန်းရှင်များအနေနဲ့ Facebook ကို လျှောက်လွှာတင်ကာ ပြန်လည်တောင်းခံသင့်ကြောင်း အကြံပေးခဲ့သည်။

အကောင့်ပိတ်ခံရသော ပြသနာသည် ယူအက်စ်၏ ပြည်နယ် ၉ ခုလုံးရှိ ဆေးဝါးအဖြစ် ထောက်ပံ့ပေးနေသော တရားဝင် ဆေးခြောက်လုပ်ငန်းများ အားလုံး ထိခိုက်ကြောင်း NCIA မှ လက်ထောက်ဒါရိုက်တာ Taylor West က ပြောဆိုခဲ့သည်။

Facebook က လူမှုကွန်ယက်ပေါ်တွင် ဆေးခြောက်ရောင်းဝယ်ဖောက်ကားသော၊ ရောင်းအားကောင်းအောင် လုပ်သော ရေးအသားများကို ခွင့်မပြုပေ။ အလက်စကားက တရားဝင်ဆေးခြောက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Leah Levington က သူရဲ့ Instagram အကောင့်ပါ ပိတ်ခံရမည်ကို စိုးရိမ်နေကြောင်း ပြောပြခဲ့သည်။
 



Follow us on