အသက် ၂၀ အရွယ် Evita Delmundo ဆိုတဲ့ မလေးရှားနိုင်ငံက အမျိုးအမီးလေးဟာ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ မှဲ့နက်ကြီးတွေ မွေးကတည်းက ပါလာခဲ့သူပါ။ မှဲ့တွေတင်သာမက လည်ပင်းနဲ့ ပခုံးတို့မှာ အမှတ်ကြီးတွေပါ ရှိနေတဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် Evita ဟာအခုဆိုရင် မယ်စင်္ကြာဝဋာပြိုင်ပွဲဝင် တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဒီလို နိုင်ငံကိုယ်စားပြုမယ့် ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ သူမအတွက်တော့ အခက်အခဲတွေ အများကြီးကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပါတယ်။
သူမရဲ့ ငယ်စဉ်ဘဝမှာ ခန္ဓာကိုယ်အနှံ့က မှဲ့တွေကြောင့် အနိုင်ကျင့်ခံရမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ ကျောင်းမှာဆိုရင် “သရဲမ” လို့ ဝိုင်းခေါ်ကြပြီး သူမနဲ့ သူငယ်ချင်းဖြစ်ချင်သူ မရှိခဲ့ပါဘူး။ ကျောင်းထမင်းစား ဆင်းချိန်တွေမှာ တစ်ယောက်ထဲဖြစ်နေတဲ့ သူမနဲ့အတူ အဖော်လုပ်ကြဖို့ အခြားကလေးတွေကို ဆရာမတွေက တိုက်တွန်းခဲ့ပေမယ့် ဘယ်သူကမှ သူအနားမလာခဲ့ပါဘူး။
အလှမယ်ဖြစ်ချင်တာဟာ သူမရဲ့ ငယ်အိမ်မက်ဖြစ်ပပါတယ်။ ခန္ဓာကိုယ်ပေါ်က မှဲ့တွေကို ခွဲစိတ်ဖယ်ရှားဖို့ ဆရာဝန်တွေနဲ့ ပြကြည့်ခဲ့ပေမယ့် ခွဲစိပ်လိုက်ရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ သူမရဲ့ မှဲ့တွေဟာ အရေပြားရောဂါတစ်ခုဖြစ်ပြီး မျိုးရိုးဗီဇဖောက်ပြန်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ မှဲ့တွေကြောင့် သူမရဲ့ အိမ်မက်တွေ ဖြစ်မလာနိုင်တော့ဘူးလို့ စိတ်ဓါတ်တွေကျခဲ့ပါတယ်။ ဖယ်ရှားလို့ မဖြစ်နိုင်တဲ့ မှဲ့တွေအတွက် စိတ်ကို ဒုံးဒုံးချကာ သူမကိုယ်သူမ လက်ခံနိုင်အောင် ကြိုးစားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အလှမယ်ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 2018 Miss Universe Malaysia ပြိုင်ပွဲကြီး ကျင်းပဖို့ အချိန်တွေလိုနေသေးပေမယ့် လူမှုကွန်ယက်မှာတော့ သူမကို အားပေးသူတွေ များပြားလျှက်ရှိပါတယ်။