1. Home
  2. Special or Others

မိုက်တိုင်ဆန်ကို အားကျပြီး ယာယီတက်တူးထိုးခဲ့သူ မျက်နှာလောင်ကျွမ်း

Special or Others ก.ค. 14, 2560 view 1,686

ကမ္ဘာကျော် လက်ဝှေ့သမား မိုက်တိုင်ဆန် ၏မျက်နှာပေါ်က တက်တူးကို သဘောကျနေတဲ့ လူငယ်တစ်ဦးက အဆိုပါတက်တူးပုံစံအတိုင်း သူ၏မျက်နှာပေါ်တွင် ဒန်းဆိုးခဲ့ရာမှ မျက်နှာပေါ်တွင် သေရာပါအမာရွတ်ကြီးတစ်ခု ဖြစ်ကျန်ခဲ့သည်။


ဂရိနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် James Colley ဆိုသူ လူငယ်တစ်ဦးက ကျောင်းပိတ်ရက်ရှည်တစ်ခုတွင် အပျော်သဘောဖြင့် မိုက်တန်ဆန် တက်တူးပုံစံ ယာယီတက်တူးကို ၁၅ ဒေါ်လာဖြင့် ထိုးခဲ့သည်။ တက်တူးထိုးပြီး ၁၂ နာရီခန့်အကြာတွင် တက်တူးနေရာများ၌ မီးလောင်သလို အရည်ကြည်ဖုများ ဖြစ်ကာ အပူလောင်ခံစားရသဖြင့် ဆေးရုံတွင် ပြသခဲ့ရသည်။

ဆရာဝန်များက စစ်ဆေးကြည့်ရာ တက်တူးထိုးရာတွင် သုံးထားသည့် ဒန်းဆိုးဆေးမှာ သဘာဒန်းပင်မှ ထုတ်ယူထားခြင်းမဟုတ်ပဲ ဓာတုဗေဒဆိုးဆေးများ ဖြစ်ကြောင်းတွေ့ရှိရသည်။ ဆိုးဆေးလောင်ကျွမ်းမှုကြောင့် မျက်နှာပေါ်တွင် တက်တူးအရာအတိုင်း အနာဖေးများ ရှိနေခဲ့ပြီး လုံးဝ ပျောက်ကင်းရန် ဟော်မုန်းကရင်များ ဂရုတစိုက် လူးပေးခြင်းဖြင့် အချိန်ကြာမြင့်စွာ ကုသရမည်ဖြစ်ပြီး တော်ရုံတန်ရုံဆို သေရာပါအမာရွတ် ဖြစ်သွားမည်ဖြစ်သည်။

ထို့ကြောင့် အလှအပအတွက် ယာယီတက်တူးထိုးခြင်း၊ ဒန်းဆိုးခြင်းများကို အထူးသတိထားသင့်ပါတယ်။
 



Follow us on