1. Home
  2. Good Morning Myanmar

ယီမင်တွင် ၀မ်းရောဂါဖြစ်ပွားမှု(၃)သိန်းကျော် အထိရှိနေ

Good Morning Myanmar ก.ค. 14, 2560 view 1,382

ယီမင်နိုင်ငံမှာ ၀မ်းရောဂါဖြစ်ပွားမှုဟာ လက်ရှိအချိန်အထိဆိုရင် သုံးသိန်းကျော်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ပြောပါတယ်။ဝမ်းရောဂါဖြစ်ပွားပြီး သေဆုံးသူ အရေအတွက် ဟာ (၁၆၀၀)အထိရှိလာပြီလို့လည်း နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC)က ပြောပါတယ်။ ယီမင်နိုင်ငံမှာဖြစ်ပွားနေတဲ့ ၀မ်းရောဂါဟာ ကမ္ဘာပေါ်မှာဝမ်းရောဂါဖြစ်ပွားမှုတွေထဲ အဆိုးရွားဆုံး ဖြစ်တယ်လိုWHO က ဇွန်လနှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဝမ်းရောဂါကူးစက်ခံရသူတွေထဲက တစ်ဝက်ဟာကလေးတွေဖြစ်ပါတယ်။ ရေစီးရေလာမကောင်းမွန်တဲ့အခြေအနေနဲ့သန့်ရှင်းမှုနည်းပါးတဲ့အခြေအနေတွေကြောင့် ၀မ်းရောဂါပိုး ဟာ စားစရာနဲ့ရေထဲကနေတစ်ဆင့်ကူးစက်နေတာဖြစ်တယ်လို့သိရပါတယ်။ အဆိုးရွားဆုံးဖြစ်ပွားနေ တဲ့ နေရာတွေဟာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေနဲ့အီရန်ထောက်ပံ့နေတဲ့ ဟူသီသူပုန် တွေကြား တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေတဲ့ နိုင်ငံအနောက်ပိုင်းမှာဖြစ်ပါတယ်။

ယီမင်ဟာစီးပွားရေးပြိုလဲနေတာကြောင့် ကျန်းမာရေးလုပ်သားတွေ လစာမရတာ ၁၀ လကျော်ရှိနေပြီဖြစ်ပြီး ကုလသမနဲ့WHOတို့ကတော့ ၀မ်းရောဂါဖြစ်ပွားမှုထိန်းချုပ်ရေး အကူအညီတွေပေးနေပါတယ်။ဝမ်းရောဂါကြောင့် ဖြစ်ပွားမှုနှုန်းကို (၀.၆)ရာခိုင်နှုန်းအထိကျဆင်းဖို့ နိုင်ငံတကာကအကူအညီပေးအားထုတ်နေပေမဲ့ လက်ရှိမှာ ယီမင်နိုင်ငံအတွင်းက စစ်ပွဲကို ရပ်တန့် အောင်လုပ်ရမယ့်အစား ကျန်းမာရေးကပ်ဘေးကို အရင်ဆုံးအမြစ်ဖြတ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။



Follow us on