1. Home
  2. Special or Others

ဖူခက်တွင် အပျော်စီးလေထီးစီးသူတစ်ဦီး ခါးပတ်ပြုတ်ကျကာသေဆုံး (ရုပ်သံ)

Special or Others ก.ค. 14, 2560 view 1,918

ထိုင်းနိုင်ငံ ဖူခက်ကမ်းခြေတွင် သြစတြေးလျနိုင်ငံမှ အသက် ၇၀ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး စပိဘုတ်နှင့် ဆွဲ၍စီးရသော အပျော်စီးလေထီးနှင့် လိုက်ပါစဉ် မီတာ ၄၀ အမြင့်နေရာမှ ရေပြင်ပေါ်သို့ ခြေလွတ်လက်လွတ် ပြုတ်ကြပြီး သေဆုံးသွားခဲ့သည်။


ဇူလိုင်လ ၁၃ ရက်(မနေ့)က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၇၀ အရွယ် Roger John Hussey ဆိုသူက မိသားစုနှင့် ထိုင်းနိုင်ငံကို အားလပ်ရက် အပမ်းဖြေခရီးထွက်လာရာတွင် ယခုကဲ့သို့သေဆုံးခဲ့ခြင်းဖြစ်သည်။
 


ထိုင်းရဲအဖွဲ့က သေဆုံးမှုအတွက် တာဝန်ရှိသည့် လေထီးအဖွဲ့သား နှစ်ဦးကို ထိန်းသိမ်းပြီး စစ်ဆေးလျှက်ရှိသည်။ သေဆုံးသူနှင့် လေထီးအကူအဖြစ် လိုက်ပါစီးနင်းခဲ့သူ Roongroj Rakcheep က Mr Hussey က အလွန်ကြောက်ရွံ့ ထိတ်လန့်နေပြီး ခါးပါတ်ခေါင်းကို ဆွဲဖြုတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


ရဲအဖွဲ့က Mr Hussey ကို သေကြောင်းကြံစည်သူအဖြစ် သံသယရှိသည်ဟု ပြောကြားရာတွင် ဇနီးသည်ဖြစ်သူ Boosabong က ငြင်းပယ်ခဲ့ပြီး သူမ၏ ခင်ပွန်းဖြစ်သူက လေထီးစီးပုံစီးနည်းကို ကမ်ခြေတွင် ၃ ရက်ဆက်တိုက် စောင့်ကြည့်လေ့လာပြီးမှ စီးနင်းခဲ့တာဖြစ်ပြီး ဒါဟာ လုံခြုံရေးမကောင်းလို့ ခါးပတ်ပြုတ်ကျပြီး သေဆုံးခဲ့ရတာဟု ပြောဆိုခဲ့သည်။



စပိဘုတ်မောင်းနှင်သူက သူတို့၏ ကြိုးများမှာ လွန်ခဲ့သော ၃ ရက်ခန့်ကမှ အသစ်လဲလှယ်ထားခြင်းဖြစ်ပြီး Mr Hussey က ကြောက်လန့်တကြားနဲ့ ရုန်းကန်ခဲ့ရာမှ အမှတ်မထင် ခါးသိုင်းခါးပါတ်ကြိုးကို ဖြုတ်ချမိသလိုဖြစ်ကာ ပြုတ်ကျသေဆုံးခဲ့ရကြောင်း ပြောဆိုခဲ့သည်။


ထိုင်းရဲများက အမှုကိုဆက်လက် စုံစမ်းစစ်ဆေးလျှက်ရှိသည်။


ဖခင်ဖြစ်သူ သေဆုံးခဲ့ပြီးနောက် သမီးဖြစ်သူက လူမှုကွန်ယက်တွင် ဝမ်းနည်းကြောင်း ရေးတင်ခဲ့သလို၊ ဇနီးဖြစ်သူမှ မှတ်တမ်းတင်ရိုက်ကူးခဲ့သော မတော်တဆဗီဒီယိုကို အများသတိထားနိုင်အောင် တင်ထားခဲ့သည်။

 


 



Follow us on