1. Home
  2. Good Morning Myanmar

မှော်ဘီမြို့မဈေးမှာ ပဲပြား၊မုန့်ဖတ်၊ပဲသွေးတွေမှာ ဖော်မလင်ပါဝင်မှု စစ်ဆေးတွေ့ရ

Good Morning Myanmar ก.ค. 14, 2560 view 1,424

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)က ဦးစီးပြီး မှော်ဘီမြို့မဈေးကို ဇူလိုင်လ(၁၁)ရက်က ဈေးကွက်အတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ပဲပြား၊မုန့်ဖတ်၊ ပဲသွေးစတာတွေမှာ ဖော်မလင်ပါဝင်မှုကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)က မှော်ဘီမြို့မဈေးမှာ အစားအသောက်၊ဆေးဝါး၊အလှကုန်စတာတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အစားအသောက် အပိုင်းစစ်ဆေးမှုနဲ့ပတ်သက်လို့ ပဲပြား၊မုန့်ဖတ်၊ပဲသွေးတွေကို စစ်ဆေးရာမှာ ဖော်မလင်ပါဝင်မှုကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မှော်ဘီမြို့မဈေးကိုစစ်ဆေးခဲ့ရာမှာ ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့အခုလို စစ်ဆေးတဲ့ အပေါ်မှာ အစားအသောက်တွေ ထိရောက်စွာ စစ်ဆေးပေးတဲ့အတွက် အကျိုးကျေးဇူးရရှိနိုင်ပြီး စားသုံးသူတွေအတွက်လည်း အကျိုးရှိစေတယ်လို့ ပြောပါတယ်။ ပဲပြား၊မုန့်ဖတ်၊ပဲသွေးစတာတွေကို ဈေးထဲမှဝယ်ယူပြီးFDA က ဓာတ်ခွဲခန်းကား ပေါ်မှာ တစ်ခါတည်းစစ်ဆေးပေးခဲ့တာလည်းဖြစ်ပါတယ်။စစ်ဆေးတွေ့ရှိတဲ့အပေါ်မှာလည်း ဈေးသည်တွေကို ဖော်မလင်ပါဝင်မှုကို ပြောပြခဲ့ပြီး အသိပညာပေးခဲ့တယ်လို့လည်း သိရပါတယ် မှော်ဘီမြို့မဈေးမှာတော့ ဆိုင်ခန်းပေါင်း ၈၀၀ ကျော် ဈေးရောင်းချနေတယ်လို့လည်းသိရပါတယ်။



Follow us on