1. Home
  2. Myanmar News

အွန်လိုင်းတွင်ပျံနှံ့နေတဲ့အချုပ်ခန်းတန်းစီးက အချုပ်သားစအိုကို တုတ်ဖြင့်ထိုးမှု

Myanmar News ก.ค. 17, 2560 view 1,487

ကချင်ပြည်နယ် မိုးညှင်းမြို့မရဲစခန်း အချုပ်ခန်း ၂ မှာ ဇူလိုင် ၆ ရက်နေ့က ခိုးမှုအချုပ်သား ဝင်းအောင်ဦးကို အချုပ်ခန်း တန်းစီး ပိုးကောင်ခေါ် နော်ဆန်းက စအိုကိုတုတ်နဲ့ထိုးတဲ့အမှုနဲ့ ပတ်သက်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက လာရောက်စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို သတိပေးလိုက်ပါတယ်။

အဆိုပါဖြစ်စဉ်မှာ  ကချင်ပြည်နယ် မိုးညှင်းမြို့မရဲစခန်း အချုပ်ခန်း ၂ မှာ ဇူလိုင် ၆ ရက်နေ့က ခိုးမှုအချုပ်သား ဝင်းအောင်ဦးကို မူးယစ် ၃ မှုနဲ့ အချုပ်သား ပိုးကောင်ခေါ်နော်ဆန်းက စအိုကိုဒုတ်နဲ့ထိုးတဲ့ အတွက် ဆေးရုံတက်ပြီး ခွဲစိတ်ကုသခဲ့ရမှု အချုပ်သားဝင်းအောင်ဦးဖခင်ဖြစ်သူ ဦးစိန်အောင် ဆေးရုံကိုလိုက်သွား
ပြီး မေမြန်းရာ သူတို့အခန်းထဲက အဝဆုံး အသားညို၊ ခန္ဓာကြံ့ခိုင်သူတဦးက နေ့ခင်း ၎င်းအိမ်သာတက်နေစဉ် စအိုကို တုတ်နဲ့ထိုးတယ်လို့ ပြောပြခဲ့တဲ့အတွက် တုတ်နှင့်ထိုးသူကို အရေးယူပေးဖို့ မိုးညှင်းရဲစခန်းကို တိုင်ကြားခဲ့တာပါ။

အထက်ပါဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ချင်ပြည်နယ် မိုးညှင်းမြို့မ ရဲစခန်း အချုပ်ခန်းကို ဇူလိုင် ၁၅ ရက်မနက် ၁၀ နာရီခွဲမှာ လာရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အချုပ်ခန်း ၆ ခန်းနဲ့ အချုပ်သား ၃၄၃ တို့ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ ဒုမြို့နယ်မှူး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ အချုပ်တန်းစီးက အချုပ်သားတစ်ဦးရဲ့ စအိုထဲ ဒုတ်နဲ့ထိုးခဲ့လို့ အရေးပေါ်ဆေးရုံတက် ဗိုက်ခွဲစိတ်ကုသခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့မှ တရားစွဲဆိုခဲ့ရခြင်းအပေါ် အချုပ်သားအချင်းချင်းရန်ဖြစ် အနိုင်ကျင့်တာတွေဟာ တပ်ဖွဲ့ဝင်တွေမှာ တာဝန်ရှိတယ်၊ လက်ထိတ်ခတ်သင့်ရင်ခတ်ရမယ်၊ အချိန်မီ ဘာကြောင့် အရေးမယူ၊ သတင်းမတက်တာလဲ၊ မီဒီယာတွေပါမှ ငါသိရတယ်၊ ဒါတတိယအကြိမ်ဖြစ်တယ်ဆိုပြီး ပြည်နယ် ရဲမှူးကြီးက တပ်ဖွဲ့ဝင်တွေကို သတိပေးခဲ့တာပါ။

မိုးညှင်းအချုပ်ခန်းဟာ အချုပ်သား ၁၅၀ လောက်သာ ကျယ်ပေမယ့် အချုပ်သား ၃၄၃ ယောက် ထည့်ထားရသည့်အတွက် တယောက်အိပ်ရင် တယောက်ထိုင် ဖြစ်နေရတဲ့အတွက် အချုပ်ခန်းတိုးချဲ့ဆောက်လုပ်ပေးဖို့ လိုအပ်နေကြောင်း မိုးညှင်းရဲစခန်းမှ ဒုမြို့နယ်မှူးက ပြောပါတယ်။

Source:DVB TV News

 



Follow us on