1. Home
  2. Myanmar News

သံသေတ္တာအတွင်း ၇ နှစ်သမီးနှစ်ဦး ပိတ်မိပြီး သေဆုံး

Myanmar News ก.ค. 17, 2560 view 1,418

မိခင်ဖြစ်သူက သမီးပျောက်၍ တစ်ရွာလုံးအနှံ့လိုက်ရှာခဲ့ရာ သံသေတ္တာထဲတွင် သူငယ်ချင်းမိန်းကလေးနဲ့အတူ ပိတ်မိသေဆုံးနေတာကို တွေ့ခဲ့ရသော ဖြစ်စဉ်တစ်ခု မကွေတိုင်း ဆားတိုင်ကန်ကျေးရွာအုပ်စု ဝါဂွမ်းကျေးရွာတွင်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇာလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းက မိခင်ဖြစ်သူ မအေးနွဲ့ကြည် ဈေးဆိုင်သိမ်းပြီးအပြန် အိမ်တွင် တစ်ယောက်ထဲထားခဲ့ရသော ၇ နှစ်အရွယ် သမီးငယ်ကို မတွေ့သဖြင့် အိမ်နီးချင်းများကို မေးမြန်းရာ ညနေ ၃ နာရီခန့်က အခြားသူငယ်ချင်း မိန်းကလေးတစ်ဦးနှင့် အိမ်ရှေ့တွင် ဆော့ကစားနေတာ မြင်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း လက်ရှိတွင် ပျောက်နေသဖြင့် ရွာလူကြီးများထံ ရှာဖွေပေးရန် အကူညီတောင်းခဲ့သည်။

ရွာလူကြီးများက ကလေးပျောက်နေကြောင်း အသံချဲ့စက်နှင့် ကြေညာပေးခဲ့ကြသည်။ ထိုစဉ် ရွာထဲမှလူတစ်ဦးက ပျောက်နေတဲ့ ကလေးဓါတ်ပုံရရင် ပိုကောင်းတယ်ဟု ဆိုသဖြင့် သမီးဓါတ်ပုံယူရန် အိမ်သို့ပြန်ကာ အိမ်ခန်းထဲရှိ သံသေတ္တာကို ဖွင့်လိုက်ရာ သေတ္တာထဲတွင် သမီးနှင့်အတူ အခြားရွယ်တူ မိန်းကလေးတစ်ဦးပါ သေဆုံးနေကြောင်းတွေ့ရှိရသည်။

အလျား ၃၄ လက္မ အနံ ၁၈လက္မ၊ အမြင့် ၁၄ လက္မရှိသော သံသေတ္တာအတွင်းသို့ ကလေးငယ်နှစ်ဦး ဝင်ရောက်ဆော့ကစားရာမှ ရုတ်တရက်သေတ္တာပိတ်မိပြီး သေတ္တာပတ္တာများ ချိတ်မိကာ ဖွင့်မရပဲ အထဲတွင် အသက်ရှုမွန်းကာ သေဆုံးခဲ့ရကြောင်း ဒေသခံများက ယူဆထားကြသည်။

 

သတင်းရင်းမြစ်-7DayDaily


 



Follow us on