1. Home
  2. Special or Others

သန်လျင်မြို့နယ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ကိုယ်ဝန်သည် အလောင်းတစ်လောင်းတွေ့ရှိ

Special or Others ก.ค. 17, 2560 view 1,428

သန်လျင်မြို့နယ်တွင် ကိုယ်ဝန်ငါးလခန့် လွယ်ထားရ သည့် အသက်(၂၀)အရွယ်အမျိုး သမီးတစ်ဦး လယ်ကွင်းအတွင်းရှိ ချောင်းလက်တက်တစ်ခု၌ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာအပိုင် အကျယ်ပေ ၂၀၊ အနက် ခြောက်ပေခန့်ရှိ ဘော့ချောင်းလက်တက်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေသည်ကို ဇူလိုင် ၁၅ ရက်နံနက်က တွေ့ရှိခြင်းဖြစ်ပြီး အမျိုးသမီးသည် အသက် (၂၀) ခန့်သာရှိသေးကြောင်း သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

‘‘ကျွန်တော်တို့ဆီ သတင်း စရောက်တုန်းက အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေတယ်ဆိုပြီး ရောက်လာလို့သွားတာ။ အ လောင်းကို ရင်ခွဲစစ်ဆေးတော့မှ ကိုယ်ဝန်ဆောင်မှန်းသိရတာ။ သူ့ ခန္ဓာကိုယ်မှာ ဒဏ်ရာလေးနည်း နည်းတွေ့လို့သာ လူသတ်မှုနဲ့ ဖွင့်ထားတာ။ ဟုတ်၊ မဟုတ်တော့ သေချာပြောလို့မရသေးဘူး။ ဆေး စာထွက်လာမှသာ သိရမှာ။ လောလောဆယ်တော့ အမှုနဲ့ပတ်သက် ပြီး စုံစမ်းနေပါတယ်’’ဟု ၎င်းက ဆိုသည်။ သေဆုံးသူအမျိုးသမီးသည် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး နှုတ်ခမ်းနှင့် ဘယ်ဘက်မျက်ခုံး၌ ပေါက်ပြဲဒဏ်ရာတစ်ခုစီ၊ ညာ ဘက်နားရွက်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိကာ ချောင်းလက် တက်အတွင်း မှောက်လျက်သေ ဆုံးနေခြင်းဖြစ်ကြောင်း ရဲအရာရှိက ဆက်လက်ရှင်းပြသည်။

Source: 7DAY



Follow us on