1. Home
  2. Myanmar News

လူမှုကွန်ယက်တွင် ပျံနှံ့နေသော IS တပ်ဖွဲ့ဝင်တစ်ဦး တွေ့ရှိက သတင်းပေးတိုင်ကြားရန် သတင်းမှာ သတင်းမှားဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်

Myanmar News ก.ค. 18, 2560 view 1,517

လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဇူလိုင်လ ၁၇ ရက်နေ့က ပျံနှံ့ခဲ့သော “IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေး တိုင်ကြားရန်” ဟူသောသတင်းမှာ သတင်းမှာသာလျှင်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှတစ်ဆင့် ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းက ပြည်သူများအားအသိပေး ကြေငြာခဲ့သည်။

******************************************************


IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေးတိုင်ကြားရန်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိကြောင်း အသိပေးဖော်ပြခြင်း


ရန်ကုန်၊ ဇူလိုင် ၁၇


လူမှုကွန်ရက်စာမျက်နှာများတွင် Thein Kyaw အကောင့်အမည်ဖြင့် IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေး တိုင်ကြားရန်ခေါင်းစဉ်ဖြင့် “ IS လက်ရွေးစင်တစ်ယောက်ဖြစ်ကြောင်း အသိပေးထားပါတယ်၊
မြန်မာစကားကျွမ်းကျင်စွာပြောဆိုနိုင်သူ ဖော်ပြပါအကြမ်းဖက်သမားကို နီးစပ်ရာရဲစခန်းတွင် သတင်းပေးကြပါ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ ဖုန်းနံပါတ် ၀၁- ၂၃၁၇၅၂၆၊ ၀၁-၂၃၁၇၅၂၇ ” ဟု ဓာတ်ပုံနှင့်ပူးတွဲလျက်ပါရှိသည့် ဖော်ပြချက်များမှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်ဖော်ပြခြင်း
မဟုတ္ပါ။


အဆိုပါဖော်ပြချက်ပါ တယ်လီဖုန်းနံပါတ်များမှာလည်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးအတွက် အများပြည်သူမှ ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးရှိ 199 Call Centre သို့ ဆက်သွယ်သတင်းပေးပို့ တိုင်ကြားနိုင်ရန် လှည့်ကင်းမော်တော်ယာဉ်များတွင် ရေးသားအသိ ပေးထားသည့် ဖုန်းနံပါတ်များဖြစ်ပြီး ၎င်းဖုန်းနံပါတ်များမှာ ယခုလက်ရှိ အသုံးပြုနေသော 199, 01 2323199 ဖုန်းနံပါတ်များ တပ်ဆင်အသုံးပြု ခြင်းမရရှိသေးမီက အများပြည်သူသို့ အသိပေးထားသောဖုန်းနံပါတ်များသာဖြစ်ပါသည်။


အဆိုပါဖော်ပြချက်မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ အများပြည်သူမှ ဆက်သွယ်သတင်းပေးပို့နိုင်ရန် အသိပေးထားသော ဖုန်းနံပါတ် များကို အသုံးပြုဖော်ပြခြင်းသာဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် သတင်းဖော်ပြခြင်းမရှိပါကြောင်း၊
အဆိုပါသတင်းဖော်ပြခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်း ဖော်ပြသည်ဟု ထင်မြင်လွဲမှားမှုများဖြစ်စေပြီး အများပြည်သူအထိတ်တလန့် ဖြစ်စေပါသည်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို အလွဲအသုံးပြုပြီး အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေသည့်သတင်းများကို ဖော်ပြခြင်းမပြု ကြပါရန်နှင့် ထိုသို့သတင်းဖော်ပြနေသူများကိုလည်း ဥပဒေအရ အရေးယူ သွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Source:Yangon Police
 



Follow us on