1. Home
  2. Special or Others

နိုင်ငံခြားသားများကိုယ်တိုင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ပခုက္ကူမြို့ရှိ ဓမ္မာရုံ

Special or Others ก.ค. 18, 2560 view 1,479

ပခုက္ကူမြို့နယ်ရှိ ဓမ္မာရုံတစ်လုံးနှင့် ဆင်းရဲနွမ်းပါးသော မိသားစု သုံးစုရဲ့ နေအိမ်များကို နိုင်ငံခြားသားများကပါ ပါဝင်ဆောက်လုပ်လှူဒါန်းနေကြောင်း သတင်းရရှိသည်။


The Leprosy Mission အဖွဲ့၏ ချိပ်ဆက်မှုဖြင့် ဟော်လန်နိုင်ငံရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့ WORLD SERVENT မှ အဖွဲ့ဝင်များဖြစ်ကြသော ဒတ်ခ်ျလူမျိုး ၂၉ ဦးက ငွေကြေးများအပြင် လုပ်အားဒါနပါ ကုသိုလ်ပြုပါဝင်၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် နေပူကျဲကျဲအောက် ချွေးသံတရွှဲရွှဲဖြင့် ဝင်ရောက် ကူညီလုပ်ကိုင်နေကြကြောင်း သိရှိရသည်။


ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက် “ခုနှစ်အိမ်တန်း” ရှိ ယိုင်နဲ့နေသော နေအိမ် သုံးလုံးနှင့် ဓမ္မာရုံကို ဝိုင်းဝန်းဆောက်လုပ်ပေးလျှက်ရှိသည်။

သတင်းရင်းမြစ်-Thet Kyu Via Nurhad
 



Follow us on