1. Home
  2. Myanmar News

မှော်ဘီတွင် ယောက္ခမကို သမက်က ကတ်ကြေးဖြင့်ထိုးသတ်

Myanmar News ก.ค. 20, 2560 view 1,478

မှော်ဘီမြို့နယ်တွင် ယောက္ခမဖြစ်သူကို သမက်က ကတ်ကြေးဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မှော်ဘီမြို့နယ် လိပ္ပုတ်ရွာ တွင်နေထိုင်သည့် အသက် (၃၀) အရွယ်ဇော်ဝင်းဋ္ဌေး (ခ) မောင်ပု သည် ဇူလိုင် ၁၇ ရက် ည ၉ နာရီ ခွဲခန့်က ယောက္ခမဖြစ်သူ ဦးဖိုးလှော်နှင့် စကားပြောနေစဉ် ဦးဖိုးလှော်က လင်မယားချင်းကွဲသည့် ကိစ္စပြောဆိုစဉ် စကားများကြကာ ဇော်ဝင်းဋ္ဌေးက အရိုးအ သွား ၈ လက်မခန့်ရှိသည့် ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်းသိရှိရသည်။


ကတ်ကြေးဖြင့် ထိုးခံရမှုသောကြောင့် ဦးဖိုးလှော်၏ ဘယ်ဘက်ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ရန် ပြုလုပ်စဉ် သေဆုံးခဲ့ကြောင်း မှော် ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


ကတ်ကြေး ဖြင့်ထိုးသည့် ဇော်ဝင်းဋ္ဌေးကို မှော်ဘီမြို့မရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။

7DayDaily

 



Follow us on