1. Home
  2. Special or Others

Myanmar Plaza မှာ ရုပ်ရှင်ရုံဖွင့်တော့မယ်

Special or Others ก.ค. 20, 2560 view 1,724

HAGL မြန်မာ ကုမ္မဏီ နဲ့ Mega Ace Cineplex တို့ ရုပ်ရှင်ရုံအတူတကွ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွတ်ခြင်း ဆိုင်ရာ နှစ်ရှည် ငှားရမ်းခြင်း စာချူပ် သဘောတူစာချူပ် လက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၁၇ ရက်က Melia ဟိုတယ်မှာ ပြုလုပ် ခဲ့ပါတယ် ။ အဲ့ဒီပွဲ မှာတော့ HAGL မြန်မာ ကုမ္မဏီ က Managing Director Mr. Cao Duy Thinh နဲ့ Royal Ace Mega ကုမ္မဏီ က Executive Director ဒေါ်မိုးနွေဦး တို့က သက်ဆိုင်ရာ ကုမ္မဏီများ ကိုယ်စား လတ်မှတ်ရေးထိုးခဲ့ကြပါတယ်။ သဘောတူ စာချူပ် အရ Royal Ace maga ကုမ္မဏီ က "Mega Ace" နာမည်နဲ့ ရုပ်ရှင်ရုံငယ် အမျိုးအမျိုး ပါဝင်တဲ့ ဒီဂျစ်တယ် ရုပ်ရှင်ရုံများထူထောင်သွားမှာဖြစ်ပြီးတော့ အဲ့ဒီစိမံကိန်းမှာတော့ ရုပ်ရှင်ပိတ်ကား (၆) ခုပါဝင်တဲ့ရုံငယ် (၆) ခု အပါအဝင် ၊ VIP lounge တစ်ခု နဲ့ ရုပ်ရှင်နမူနာပြသမယ့် Premier Class Hall တစ်ရုံ ပါဝင်မယ်လို့သိရပါတယ်။

HAGL မြန်မာ ရဲ့ မန်နေဂျင်း ဒါရိုတ်တာ ဖြစ်တဲ့ Mr. Thinh က လည်း " ကျွန်တော်တို့ အနေနဲ့ ဒီလို နှစ်ဦးသဘောတူ လတ်မှတ်ရေးထိုးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ HAGL ရဲ့ စီမံကိန်း အပိုင်း ( ၂ ) မှာပါဝင်လာမယ့် ဈေးဝယ်စင်တာတွေ ၊ အဆောက် အအုံတွေကို လာရောက်ကြမယ့် ပြင် ဧည့်သည်တွေအတွက်ရော ၊ နေထိုငိကြမယ့် သူတွေအတွက်ပါ အကောင်းဆုံး အဆင်ပြေဆုံးဖြစ်အောင် လုပ်ဆောင်ပေး ဖို့ပါ " လို့ပြောပါတယ် ။ Myanmar plaza မှာ စတင် နေပြီ ဖြစ်ကြောင်းကို လည်း Royal Ace Mega က Exec Director ဒေါ်မိုးနွေဦးကပြောပြခဲ့ပါတယ် ။

Plan ကတော့ စနေပါပြီ.... Myanmar Plaza က တိုးချဲ့မယ် နေရာမှာ ကျွန်မတို့ Mega Ace အနေနဲ့ ရုပ်ရှင်ရုံ စုစုပေါင်း ခုနှစ်ရုံ ပါဝင် တည်ဆောက်ဖို့ပါ.အခု စနေပါပြီ...၂၀၁၉ ခုနှစ်မှာ ပရိသတ်တွေ ကြည့်ရူနိုင်ပါပြီ.. ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကျရင်တော့ ရုပ်ရှင်ရုံနဲ့ ပတ်သတ်တဲ့ တိကျတဲ့ Details တွေကို information ပေးသွားမှာပါ ဒါက Myanmar Plaza မှာ ပထမဆုံး ကြည့်ရူလို့ရမယ့် ရုပ်ရှင်ရုံ ဖြစ်လာမှာပါ လို့ပြောပါတယ်။ အဲ့ဒီ အစီအစဉ်ကိုတော့ လက်ရှိမှာ စတင် အကောင်အထည်ဖော် ဆောင်ရွတ်နေပြီလို့ လဲပြောသွားခဲ့ပါတယ် ။

Credit:Myanmar celebrity



Follow us on