1. Home
  2. Movie Stars - Celebrity

လင်ကင်ပါ့ခ် အဖွဲ့မှ ဦးဆောင်အဆိုတော် ချက်စတာ ဘန်နင်တွန် ကွယ်လွန်

Movie Stars - Celebrity ก.ค. 21, 2560 view 1,576

ကမ္ဘာကျော်တေးဂီတအဖွဲ့ လင်ကင်ပါ့ခ်(Linkin Park) မှ ဦးဆောင် ပင်တိုင် အဆိုတော် အသက် ၄၁ နှစ်အရွယ် ဘန်နင်တွန်(Bennington) တစ်ယောက် လောစ့်အိန်းဂျဲလိစ်ရှိ သူ၏နေအိမ်တွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ကာ သေဆုံးခဲ့ကြောင်း ရဲများကသတင်းထုတ်ပြန်ခဲ့သည်။


ဇူလိုင်လ ၂၀ ရက်နေ့ ကြာသပတေးနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကမ္ဘာကျော်အဆိုတော် ဘန်နင်တွန်ကို ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည်ကို Palos Verdes Estate ရှိသူ၏ သီးသန့်နေအိမ်တွင် တွေ့ရှိခဲ့ရသည်။


ချက်စတာ သေဆုံးခဲ့ချိန်တွင် သူ၏ဒုတိယဇနီး တာလင်ဒါနှင့် ခလေး ၆ ယောက် ကျန်ရစ်ခဲ့သည်။ ချက်တာ သေဆုံးကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် လင်ကင်ပတ်ခ်၏ ရက်ပါတစ်ဦးဖြစ်သူ Mike Shinoda က ဒီသတင်းဟာ ကြေကွဲစရာကောင်းပေမယ့် သတင်းအမှန်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

 






 



Follow us on