1. Home
  2. Myanmar News

သမီးဖြစ်သူကို ရည်းစားစကားပြောလို့ မကျေနပ်ရာမှ မိခင်သတ်ခံရ

Myanmar News ก.ค. 21, 2560 view 1,478

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ပြည်တော်သာ (၇) လမ်းရှိ အိမ်တစ်လုံးတွင် ဇူလိုင်လ ၂၀ ရက် နံနက် ၆ နာရီခန့်က အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို အသက် ၅၁ နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းထံမှသိရသည်။


ဖြစ်စဉ်မှာ ဦးခင်ဝင်း (၆၉ နှစ်) နှင့် ဒေါ်ချိုပြုံး (၅၈ နှစ်) တို့၏ အသက် ၃၀ ကျော်အရွယ် သမီးဖြစ်သူကို အိမ်နီးနားချင်ဖြစ်သူး ဦးဟန်ဇော်ဝင်း (၅၁ နှစ်)က ရည်းစားစကား လိုက်ပြောခဲ့သဖြင့် နှစ်ဦးနှစ်ဘက် စကားများခဲ့ကြသည်။

ယင်းကိစ္စကို မကျေနပ်သဖြင့် ဦးဟန်ဝင်းဇော်က အငြိုးထားကာ ဦးခင်ဝင်းနှင့် ဇနီး ဒေါ်ချိုပြုံး တို့ကို ကြက်သွန်းလှီးဓားဖြင့်ထိုးရာ ဦးခင်ဝင်းက ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဇနီးဖြစ်သူ ဒေါ်ချိုပြုံးမှာ ဓားထိုးခံရသည်။


ဓားထိုးခံရသူမှာ ဘယ်ဘက် လက်မောင်းတွင် အရိုးထိကာ ဒဏ်ရာရခဲ့ပြီး တိုက်ကြီးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သဖြင့် ဓားဖြင့်ထိုးသူ ဦးဟန်ဝင်းဇော် ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း တိုက်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


သတင်းရင်းမြစ်−TheVoice

 



Follow us on