1. Home
  2. Special or Others

ကမ္ဘာမှာ ၂၀ ခုမြောက်ဈေးအချိုဆုံး စင်ကာပူရဲ့ တက္ကစီခ

Special or Others ก.ค. 21, 2560 view 1,396

စင်ကာပူရဲ့ တက္ကစီခဟာ ကမ္ဘာမှာ ၂၀ ခုမြောက်ဈေးအချိုဆုံးဖြစ်ကြောင်း ဗြိတိန်အခြေစိုက် အွန်လိုင်းတစ်ပတ်ရစ်ကားလုပ်ငန်း ကားစပရင်းကပြုလုပ်တဲ့ အညွန်းကိန်းတွေအရသိရပါတယ်။ ၂၀၁၇ တက္ကစီခအညွှန်းကိန်းမှာ နယူးယောက်၊ လန်ဒန်၊ ဟောင်ကောင်နဲ့ ဘန်ကောက်အပါအဝင် ကမ္ဘာမှာလည်ပတ်မှု အများဆုံး မြို့ကြီး ၈၀ ကိုစာရင်းကောက်ခဲ့ပါတယ်။ ကားစပရင်းဟာ တက္ကစီကားတစ်စီးကို ခေါ်ယူခ၊ တစ်ကီလိုမီတာချင်းကုန်ကျစရိတ်၊ လမ်းမှာ ကြာချိန်နဲ့ လေဆိပ်ကနေမြို့ထဲကို သွားတဲ့ ကားခတွေကို အခြေခံပြီးတွက်ချက်ပါတယ်။

ကုန်ကျစရိတ်တွေကို စံပုံစံဖြစ်အောင် ပြုလုပ်ပြီးနောက်နောက်ဆုံးစာရင်းက မြို့အတွင်း သုံးကီလိုမီတာစီးရင်ကျတဲ့ ကားခအပေါ်အခြေခံပြီး တွက်ချက်ခဲ့ပါတယ်။ ကားစပရင်းရဲ့ အဆိုအရကိုင်ရိုဟာ ကမ္ဘာမှာတက္ကစီခအသက်သာဆုံးဖြစ်ပြီး သုံးကီလိုမီတာကိုဒေါ်လာ ဝ.၅၅ လောက်ပဲပေးရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အလားတူခရီးအကွာအဝေးကိုပဲ ဇူးရစ်မှာ စီးရင်ဒေါ်လာ ၂၅.၂၅ လောက်ပေးရပြီးစစ်တမ်း ကောက်ယူသမျှ မြို့တွေထဲမှာဈေးအကြီးဆုံးဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသမှာဆိုရင်မွမ်ဘိုင်းတက္ကစီတွေက ဈေးအသက်သာဆုံးဖြစ်ပြီး သုံးကီလိုမီတာခရီးအတွက် ဒေါ်လာ ၁.၄၀ သာကျသင့်ပြီး တစ်ကမ္ဘာလုံးမှာလည်း ဒုတိယအသက်သာဆုံး ဖြစ်ပါတယ်။ ဂျကာတာ (ဒေါ်လာ ၁.၄၇) ၊ ဘန်ကောက် (ဒေါ်လာ ၁.၆၄)၊ ကွာလာလမ်ပူ (ဒေါ်လာ ၁.၈၉)နဲ့ ဟနွိင်း(ဒေါ်လာ ၂.၀၉) တို့ဟာ ထိပ်ဆုံးစာရင်းတွေထဲမှာပါဝင်ပါတယ်။

စင်ကာပူမှာ သုံးကီလိုမီတာ ခရီးကဒေါ်လာ ၄.ဝ၁ ကုန်ကျကြောင်းစာရင်းအရသိရပါတယ်။ စာရင်းအတွင်း တက္ကစီခေါ်ယူတဲ့ လုပ်ငန်းအူဘာဟာ မြို့ပေါင်း ၈၀ အနက် ၆၃ မြို့မှာ လုပ်ကိုင်နေကြောင်းလည်း တွေ့ရပါတယ်။ စာရင်းပြုစုဖို့အတွက် ကားစပရင်းဟာ မြို့တစ်မြို့စီရဲ့တရားဝင်ဝက်ဘ်ဆိုက်တွေက အချက်အလက်တွေကိုစုစည်းခဲ့တယ်လို့ဆို ပါတယ်။ ဒါ့အပြင်စစ်တမ်းထဲမှာ မြို့ထဲကအငှားယာဉ်မောင်းတွေအကြိုက်ဆုံးကားအမျိုးအစား ကိုလည်းဖော်ပြခဲ့ပါတယ်။ (စင်ကာပူမှာဆိုရင် ယာဉ်မောင်းအကြိုက်ဆုံးကားက ဟွန်ဒေး i40 ဖြစ်ပါတယ်။)

Credit : kumudranews

Author – စုပြည့်စုံ



Follow us on