1. Home
  2. Special or Others

အချစ်ပိုတဲ့မိဘတွေကြောင့် မချိမဆံ့ခံစားခဲ့ရတဲ့ လသားကလေးငယ်

Special or Others ก.ค. 24, 2560 view 1,522

သားသမီးအပေါ်မှာ ထားရှိတဲ့ မိဘရဲ့မေတ္တာ ကြီးမားပုံဟာ မြင့်မိုရ်တောင်နဲ့တောင် မယှဉ်နိုင်တာကို လူတိုင်း လက်ခံနားလည်ထားကြပါတယ်။ သိုပေမယ့် မိဘတွေအချစ်ကြီးလို့ သားသမီးတွေ ဒုက္ခရောက်ကြရတဲ့ သာဓကတွေလည်း အများကြီးပါ။

လူမမယ်ကလေးငယ်တွေကို ရွှေနားကပ်၊ ရွှေဟန်းချိန်းတွေ ဆင်ပေးထားခြင်းက အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်ပါတယ်။ အခုရရှိတဲ့နောက်ဆုံးသတင်းကတော့ ကလေးရဲ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

အသက် (၁၁)လ အရွယ်သမီးငယ်ကို ချစ်လွန်းလို့ ရွှေဟန်းချိန်းလေး မိဘတွေက ဆင်ပေးထားပါတယ်။ ညပိုင်းရောက်တဲ့အခါ ကလေးလက်မှာ ဟန်းချိန်းလေး မရှိတော့တာကို တွေ့ရပြီး တစ်အိမ်လုံးအနှံ့ လိုက်ရှာပေမယ့် ဘယဘမှာမှ ရှာမတွေ့တော့ပါဘူး။

အဲဒီနောက်ပိုင်းမှာတော့ ခလေးက မကြာခဏဆိုသလို ဗိုက်နာပြီး မအီမသာဖြစ်ကာ ဝမ်းလည်း မသွားတော့တဲ့အတွက် ဆေးစစ်ကြည့်ရာ ခလေးက ဟန်းချိန်ကို မျိုချခဲ့ပြီး ဝမ်းဗိုက်အတွင်း ​ရောက်နေကြောင်း တွေ့ရှိခဲ့ရသည်။

ခလေးကို ဝမ်းသွားရန် စီမံပြီးနောက်ပိုင်းတွင် ဝမ်းသွားရာမှ ဟန်းချိန်ပြန်ထွက်လာခဲ့သည်။ ဟန်းချိန်းကို မျိုချမိလိုက်တဲ့အတွက် ကလေးမှာ ကံကောင်ထောက်မစွာဖြင့် အသက်မသေဆုံးခဲ့​သော်လည်း မချိမဆံ့ဝေဒနာ ခံစားခဲ့ရမှာ အမှန်ပင်ဖြစ်သည်။

သားသမီးကို အချစ်လွန်ပြီး အရွယ်မရောက်သေးပဲ ရွှေတွေ၊ ငွေတွေ ဆင်ပေးတတ်ကြတဲ့ မိဘတွေ သင်ခန်းစာယူနိုင်ရန် “Jeejiez Ryp” ဆိုသူမှ သူ၏ကိုယ်တွေ့ဖြစ်ရပ်ကို လူမှုကွန်ယက်ပေါ်မှ ပြန်လည်ဝေမျှခဲ့သည်။
 



Follow us on