1. Home
  2. Good Morning Myanmar

သမ္မတထရမ့်သားကြီး လွှတ်တော်ကော်မတီကြားနာမှုတက်ရောက်ရန် ဆင့်ခေါ် ခံရ

Good Morning Myanmar ก.ค. 24, 2560 view 1,373

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သားကြီးဖြစ်သူ ထရမ့်ဂျူနီယာဟာ လာမယ့် တစ်ပတ်မှာပြုလုပ်မယ့် အထက်လွှတ်တော်ကော်မတီကြားနာမှုကို တက်ရောက်ရန် ဆင့်ခေါ်ခံရ ပါတယ်။အထက်လွှတ်တော်ကော်မတီဟာ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း မစ္စတာထရမ့်ရဲ့မဲဆွယ်အဖွဲ့နဲ့ရုရှားနိုင်ငံကြားက ဆက်နွယ်မှုတွေအကြောင်းကို ထရမ့်ဂျူနီယာ ကို မေးခွန်းတွေမေးမြန်းမှာဖြစ်ပါတယ်။

ဒါ့ပြင် သမ္မတထရမ့်ရဲ့လက်အောက် ၂ ဦးလည်းဆင့်ခေါ်ခံထားရပါတယ်။ သူတို့ကတော့ မစ္စထရမ့်ရဲ့ မဲဆွယ်မန်နေဂျာ ပေါလ်မာနာဖော့ဒ်နဲ့သမ္မတထရမ့်ရဲ့သားမက်ဖြစ်သူ ဂျဲရက်ခက်ရှ်နာတို့ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဒီအမျိုးသား ၃ ဦးစလုံးကို လွှတ်တော်အမတ်တွေက မေးခွန်းတွေမေးမြန်းမှာပါ။ မစ္စတာ ထရမ့်ရဲ့မဲဆွယ်အဖွဲ့နဲ့မော်စကိုအဖွဲ့ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထား ပါတယ်။

ဒါ့ပြင် အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ဟာ ဒီအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးမှုကနေ ကိုယ်လွတ်ရုန်းရှောင်ထွက်ခဲ့မယ်ဆိုတာသိမယ်ဆိုရင် သူ့အနေနဲ့ မစ္စတာဆက်ရှင်ကို ရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့မှာမဟုတ်ဘူးဆိုတာ သမ္မတထရမ့်ကပြောကြားထားတယ်လို့ နယူးယောက်တိုင်းမ် က သတင်းဖော်ပြထားပါတယ်။



Follow us on