1. Home
  2. Good Morning Myanmar

လာမယ့် သြဂုတ်လ(၁)ရက်မှာဖွင့်လှစ်မယ့် (၅)ကြိမ်မြောက် ကျပ်(၅၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှစတင်ကာ အရန်ထီလက်မှတ်များ ဖျက်သိမ်းလိုက်

Good Morning Myanmar ก.ค. 24, 2560 view 1,391

လာမယ့် သြဂုတ်လ(၁)ရက်မှာ ဖွင့်လှစ်မယ့် (၅)ကြိမ်မြောက် ကျပ်(၅၀၀)တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ အရန်ထီလက်မှတ်တွေ မပါဝင်တော့ပဲ ပင်ရင်းထီလက်မှတ်တွေကိုသာ ဆုများ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထီကံစမ်းတဲ့ပြည်သူတွေက ယခင်လတွေက အရန်ထီလက်မှတ်တွေကို ၀ယ်ယူတဲ့ အခါမှာ ထီလက်မှတ်အတုတွေနဲ့ အရန်ထီလက်မှတ်တွေကို ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိတဲ့ အတွက် အခုလိုဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အရင်က အရန်ထီလက်မှတ်ဝယ်ယူကံစမ်းတဲ့အခါ ယုံကြည်မှု နည်းပါးခဲ့ပြီး အခုလကစပြီး ထီကံစမ်းရင် ပင်ရင်းထီလက်မှတ်အပေါ်မှာ အကြိမ်အရေအတွက်နဲ့ ထီဖွင့်မယ့်နေ့ကို တစ်ခါတည်း ထီလက်မှတ်ပေါ်မှာပါရှိတဲ့အတွက် ထီကံစမ်းတဲ့ပြည်သူတွေအတွက် အရန်ထီလက်မှတ် ဖျက်သိမ်းလိုက်တာဟာအဆင်ပြေမှုရှိတယ်လို့ သိရပါတယ်။ အရန်ထီလက်မှတ်ဖျက်သိမ်း လိုက်တဲ့အတွက် ထီရောင်းချတဲ့ထီကိုယ်စားလှယ်တွေ ကလည်း ရောင်းအားအခြေအနေမကျဆင်းသွားပဲ ပုံမှန်အတိုင်းရောင်းအားအခြေအနေရှိတယ်လို့ သိရပါတယ်။လာမယ့် သြဂုတ်လ(၁)ရက်မှာ ဖွင့်လှစ်မယ့်ကျပ်(၅၀၀)တန်အောင်ဘာလေထီဖွင့်ပွဲမှာ (၅)ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။



Follow us on