1. Home
  2. Myanmar News

ယခုနှစ်အတွက် တုပ်ကွေးကြိုတင် ကာကွယ်ဆေး မရှိတော့

Myanmar News ก.ค. 25, 2560 view 1,423

တုပ်ကွေးရောဂါဖြစ်ပွား မှုမရှိရန် ကြိုတင်ထိုးနှံရမည့် ကာကွယ်ဆေးသည် ယခုနှစ်အတွက် မရရှိနိုင်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောသည်။


ယခုဖြစ်ပွားနေသည့် ရာသီ တုပ်ကွေး (Seasonal Flu, A/ H1N1 2009) ကူးစက်မှု မရှိစေရန် ကြိုတင်ကာကွယ်ဆေးထိုးနှံရန် လိုအပ်နေသော်လည်း တုပ်ကွေးကြိုတင်ကာကွယ်ဆေးသည် ပြည်ပနိုင်ငံမှ အကန့်အသတ်ဖြင့် မှာယူတင်သွင်းနေရခြင်းဖြစ်၍ ရောဂါဖြစ်ပွားမှုမြင့်တက်လာချိန် တွင် ဆေးဝါးလိုအပ်မှု ဖြစ်လာကြောင်း ၎င်းက ပြော သည်။


ကာကွယ်ဆေးက ထိုးဆေး ရှိတယ်။ တစ်နှစ်တစ်ခါထိုးရ တယ်။ မြန်မာပြည်ကို ဝင်နေတဲ့ ကာကွယ်ဆေးက ပြတ်နေတယ်။ ကာကွယ်ဆေးက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဗိုင်းရပ်စ်အမျိုးအစား ပေါ်မူတည်ပြီးတော့ နိုင်ငံခြားက ကာကွယ်ဆေးထုတ်တဲ့ဆီမှာ ပိုပြီးထုတ်လုပ်ရတယ်။ အဲဒါက ကန့် သတ်ချက်ရှိတယ်။ ဒါကိုမှာမှ ထုတ်ပေးတာပါ” ဟု ၎င်းက ပြောသည်။


တုပ်ကွေးကြိုတင်ကာကွယ် ဆေးသည် ရာသီတုပ်ကွေးဗိုင်းရပ်စ် H3N2 အတွက် ထုတ်လုပ် ထားသော ဆေးတစ်မျိုးဖြစ်ပြီး ရာသီတုပ်ကွေး (Seasonal Flu, A/ H1N1 2009) အတွက် သီးသန့် ကာကွယ်ဆေးမရှိသေးကြောင်း ရန်ကုန်တိုင်း လုပ်ငန်းခွင်ကျန်းမာ ရေးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်က ပြောကြားထားသည်။


လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပုဂ္ဂလိက အဆင့်မြင့်ဆေးရုံကြီးများတွင် ဆေးဝါးပြတ်လပ်မှုများ ရှိနေပြီး ထပ်မံရရှိရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း  ဆေးရုံ တာဝန်ရှိသူများထံမှ သိရသည်။


အခုအချိန် ကာကွယ်ဆေး ထိုးရင်လည်း နောက်ကျသွားပြီ။ ဒီဆေးက နောက်နှစ် မိုးမရွာမီ မေလမှာ ကာကွယ်ဆေးထိုးရ မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောသည်။


အဆိုပါရောဂါသည် အအေး မိ နှာစေး၊ ချောင်းဆိုးခြင်းမှ စတင် ဖြစ်ပွားသည့် ရောဂါဖြစ်၍ မိုးရာ သီမတိုင်မီ ရောဂါကြိုတင်ကာ ကွယ်ဆေးထိုးနှံနိုင်မှသာ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်မည်ဟု ဆိုသည်။
အဆိုပါ ရောဂါသည် မိုးများ သောဒေသများတွင် အများဆုံး ဖြစ်ပွားပြီး မိုးနည်းသည့်ဒေသများ ၌ ဖြစ်ပွားမှုမရှိဘဲ လက်ရှိ ရာသီတုပ်ကွေး (Seasonal Flu, A/ H1N1 2009) သည် ချင်းပြည် နယ် မတူပီမြို့နယ်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားနေသည်။

7DayDaily

 



Follow us on