1. Home
  2. Movie Stars - Celebrity

ကတုံးနဲ့သီချင်းလာမဆိုနဲ့လို့ အပြောခံလိုက်ရတဲ့ အိမ့်ချစ်

Movie Stars - Celebrity ก.ค. 25, 2560 view 1,639

 ဘာသာရေးတရားကို လိုက်စားသူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို ဘာသာရေးနဲ့ပတ်သက်တဲ့ ကုသိုလ်အလုပ်တွေကို လုပ်လေ့ရှိတဲ့ အိမ့်ချစ် ဟာ သီလရှင်ဝတ်ပြီး နောက် လူပြန်ထွက်လာခါစမို့ ကတုံးဆံပင်ပေါက်ဖြစ်နေပါတယ် ။  အိမ့်ချစ်တစ်ယောက် ကတုံး ဆံပင်နဲ့ သီချင်းလာမဆို ဖို့အပြော ခံလိုက်ရပါတယ်။ဒီအကြောင်းကို အိမ့်ချစ်က သူမရဲ့ fb ပေါ်မှာ ….

“ကျောင်းတစ်ခုရဲ့ကျောင်းညစာစားပွဲအတွက်တဲ့
Agency တစ်ခုကလာငှားရင်း request လုပ်ချင်လို့ပါတဲ့
ပြောပါဆိုတော့..အဲ့ကျောင်း(college)ကပြောတယ်တဲ့..
ကတုံးနဲ့လာမဆိုပါနဲ့ ဆံပင်တပ်ခဲ့ပေးပါတဲ့…
အမလေးလေး…. စော်ကားတာများ…
ဒီကတုံးက ဆံပင်ရှိပြီးကိုယ်ကျင့်တရားမကောင်းတဲ့
ဟာတွေထက်ကျမကိုတန်ဖိုးရှိစေတဲ့ ကတုံးပါ
ဘုရားသမီးတော်အဖြစ်ခံယူလို့ဖြစ်တဲ့ကတုံးပါ
မြင့်မြတ်တဲ့ကတုံးပါလို့..!!!
အဲ့လိုပြောတဲ့သူတွေကို ဘယ်လောက်ပညာတတ်တတ်
အထင်မကြီးတော့ဘူး ဘာကြောင့်လဲဆိုတော့
သူတို့လောက်ပညာမပြည့်ဝတဲ့သူတွေကရောဗုဒ္ဓဘာသာမဟုတ်တဲ့ဘာသာခြားတွေကရောတောင်

သာဓုခေါ် ချီးကျူးနေကြတဲ့အချိန်မှာ ဆံပင်အစစ်နဲ့ပဲ
နေပါလို့ အားပေးနေကြတဲ့အချိန်မှာပညာတတ်ကြီးတွေတဲ့
အံ့သြပါရဲ့ ဆရာ ဆရာမတို့ရယ်…
ဘာသာတရားရဲ့ အနှစ်သာရကိုမသိတဲ့သူတွေလို့ပဲ
သတ်မှတ် အထင်သေးလိုက်တယ်..
ဘယ်လိုပုံလေးဝတ်ပေးပါနော်လို့တောင်းဆိုရင်တစ်မျိုးပေါ့
ခုဟာက ကတုံးနဲ့ မသင့်တော်ဘူးဆိုတော့
နေရာနဲ့ဝတ်တတ်စားတတ်ပြင်ဆင်တတ်ပါတယ်ရှင်လို့..
လူတွေ လူတွေ…..
 ” ဆိုပြီးရေးတင်ထားပါတယ်။



Follow us on