1. Home
  2. Special or Others

နတ်ဆရာအစွမ်းဖြင့် မိကျောင်းဆွဲကာသေရသူ၏အလောင်းကို မိကျောင်းကပြန်လာပေး(ရုပ်သံ)

Special or Others ก.ค. 26, 2560 view 1,739

အင်ဒိုနီးရှားနိုင်ငံ ဘီရှူးဒေသရှိ လမ်ပါကီမြစ်ထဲမှာ ရေချိုးရင်း မိကျောင်းဆွဲခံလိုက်ရတဲ့ ဆယာရီဖူဒင် (၄၁ နှစ်) ရဲ့အလောင်းကို မိကျောင်းကိုယ်တိုင် လာပြန်ပေးသွားတဲ့ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့ပါတယ်။

မိကျောင်းဆွဲခံခဲ့ရသူရဲ့ အလောင်းကို ရဲတွေနဲ့ လိုက်လံရှာဖွေခဲ့ကြပေမယ့်  လုံးဝရှာမတွေ့ခဲ့ကြတာကြောင့် မိကျောင်းနတ်ဆရာလို့လူသိများတဲ့ အောက်လမ်းဆရာဆီ၊ ရွာသူရွာသားတွေရောက်သွားကာ အကူအညီ တောင်းခံခဲ့ကြပါတယ်။


နတ်ဆရာက မြစ်ကမ်းနဘေးမှာ ရွတ်ဖတ်ဆင့်ခေါ်မှုတွေ ပြုလုပ်ပေးခဲ့ပြီးနောက်မှာ မိကျောင်းကိုယ်တိုင် လမ်ပါကီမြစ်ထဲကနေ ဆယာရီဖူဒင်ရဲ့ အလောင်းကို ပြန်ဆွဲလာပေးခဲ့တာကို ရွာသားတွေကိုယ်တိုင် ထူးဆန်းအံ့သြစွာ မြင်တွေ့ခဲ့ပါတယ်။

၆ ပေခွဲလောက်ရှည်တဲ့ မိကျောင်းကြီးက ဆွဲယူလာပေးတာ ဖြစ်ပြီး ဒီမိကျောင်းက တကယ်တမ်းတော့ ဆယာရီဖူဒင်ကို ကိုက်ဆွဲသွားခဲ့ တဲ့မိကျောင်းမဟုတ်ဘဲ ဆွဲသွားတဲ့အကောင်ဆီကနေ အလောင်းကိုပြန်ယူလာပေးတဲ့ နောက်တစ်ကောင် ဖြစ်တယ်လို့ ရွာသူရွာသားတွေက ယုံကြည်နေကြပါတယ်။

ရွာရဲ့ ရိုးရာယုံကြည်မှုအရ မြစ်ထဲမှာကိုယ်လုံးတီးနဲ့ရေချိုးတဲ့အခါ မိကျောင်းဆွဲခံရတတ်ပြီး အဝတ်ပါရင် တော့ မိကျောင်းမလာဘူးလို့ ဆိုကြပါတယ်။ ဆယာရီဗူဒင်အလောင်းကတော့ နံရိုးတစ်ဘက်တစ်ချက်မှာ မိ ကျောင်းကိုက်တဲ့ဒဏ်ရာတွေကလွဲရင် ခြေလက်အင်္ဂါအစုံ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။


ဆယာရီပူ ဒင်ရဲ့အဖြစ်ကာ အဆန်းတကြယ်ဖြစ်ခဲ့ရပြီး နောက်ထပ်တိုက်ခိုက်ခံရတာမျိုး မဖြစ်ရအောင် ရွာသားတွေနဲ့ ရဲ တပ်ဖွဲ့တို့ပူးပေါင်းပြီး ဆယာရီဖူဒင်ကိုဆွဲသွားတဲ့မိကျောင်းကို ရှာဖွေနေကြပြီလို့ သိရပါတယ်။

 



Follow us on