1. Home
  2. Movie Stars - Celebrity

အလှမယ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညိုးနွမ်းစေသည်ဟုဆိုကာ Miss Universe Monywa 2017 အလှမယ်ဆု ပြန်ရုပ်သိမ်း

Movie Stars - Celebrity ก.ค. 26, 2560 view 1,717

အလှမယ်တစ်ယောက် ဂုဏ်သိက္ခာညိုးနွမ်းစေသည် အကြောင်းအရာများ ကျူးလွန်မှုများ ရှိခဲ့သောကြောင့် Miss Universe Monywa 2017 အလှမယ်သရဖူကို ပြန်သိမ်းကြောင်း ပွဲစီစဉ်သူ အဖွဲ့အစည်းမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။


Miss Universe Myanmar 2018 အလှမယ်ပြိုင်ပွဲဝင်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားပြု အလှမယ်ရွှေးချယ်ခဲ့ရာ Miss Universe Monywa 2017 ပြိုင်ပွဲကို ဇူလိုင် ၁၄ ရက်နေ့က မုံရွာမြို့မြစန္ဒာခန်းမ တွင် ပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် သုံးနှစ်ဆက်တိုက် ဇွဲမလျှော့ပဲ ပါဝင်ယှဉ်ပြိုင်ခဲ့သူ  ခါးနံပါတ် (၁၆) သဉ္စာချမ်းမြေ့ က သရဖူဆွတ်ခူးခဲ့သည်။ ယင်းကဲ့သို့ အလှမယ်သရဖူ ပိုင်ဆိုင်ပြီး (၇)ရက် အကြာတွင် Miss Universe Monywa 2017 Organization က မသဉ္စာချမ်းမြေ့၏ သရဖူကို ပြန်လည်ရုတ်သိမ်း ကြေညာခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ကြေညာချက်တွင် အလှမယ်တစ်ဦး၏ ဂုဏ်သိက္ခာညိုးနွမ်းစေမှုများကို ကျူးလွန်ခဲ့ကြောင်း အလှမယ်ကိုယ်တိုင်က ဝန်ခံထားခဲ့ကြောင်း ဖော်ပြထားသည်။

Miss Universe Monywa 2017 ပြိုင်ပွဲအပြီး နောက်ရက်တွင် မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသူ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် ခါးနံပတ် ၁၄ မသင်းသင်းအောင်(မည်သည် ဆုမှမရရှိ) မှ Organization အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် သူမကိုတစ်ဦးတည်း ဟိုတယ်သို့ခေါ်၍ အလှမယ်ဖြစ်နိုင်ချေ ရှိသောကြောင့် ဒိုင်အဖွဲ့ဝင် ဂု ဦး အတွက် ငွေကျပ်တစ်သိန်းစီ ကန်တောာ့ရန်၊ Winnerကြေးမယူရန်တို့ကို ပြောဆိုမှုများရှိကြောင်း၊ ပွဲမစမီ အချိန်ထိ ဖုန်းဆက် ပြောဆိုမှုများရှိကြောင်းကို ဖုန်းအသံဖိုင်များနှင့်တစ်ကွ မီဒီယာများအား ချပြရှင်းလင်းခဲ့သည်။


Organization အဖွဲ့၊ ဒိုင်အဖွဲ့ဝင်အချို့နှင့် City Director တို့မှလည်း သတင်းစာရှင်းလင်းပွဲပြန်လုပ်ပြီး ခါးနံပတ် ၁၄ မှ သရဖူရရန် မည်သို့လုပ်ရမည်နည်းမေးမြန်း၍ ယင်းကဲ့သို့ ပြောဆိုခဲ့ကြောင်း သေချာပေါက်ရရှိရန် ပြောဆိုပေးခြင်းမျိုးမဟုတ်ကြောင်း၊ ပြိုင်ပွဲကို ဒိုင်များ၏ အမှတ်စာရင်း အတိုင်းသာ မှန်မှန်ကန်ကန် ရွှေးချယ်ခဲ့ကြောင်းစသဖြင့် ပြောဆိုခဲ့ပြီး နှစ်ဦးနှစ်ဖက် မပြေလည်မှုများလည်း ရှိခဲ့ကြသည်။

“King & Queen မှာ လုပ်တဲ့ သတင်းစာရှင်းပွဲမှာတုန်းက Winner ရတဲ့ အလှမယ်နောက်ကြောင်းကို record အကုန်ရှိတယ်၊ စုံစမ်းထားတယ်ပြောတယ်၊ ခုကျ ဂုဏ်သိက္ခာညှိနွမ်းတဲ့ဟာတွေလုပ်လို့ ဆိုပြီး ဆု ပြန်သိမ်းတယ်၊ သေချာ မစုံစမ်းပဲ ရွှေးပြီးမှ ပြန်ဖြုတ်တာ သူတို့အားနည်းချက်လေ၊ Miss Universe Myanmar ပြိုင်ပွဲမှာ မုံရွာကိုယ်စားပြုတစ်ယောက်မှ မပါတော့ဘူးဖြစ်သွားတယ်၊၊ ဒါဆိုရင် မုံရွာကလုပ်ငန်း ရှင်တွေ ဒီပွဲအတွက်စပွန်ဆာတွေ ပေးခဲ့ရတာ၊ ကူညီခဲ့ရတာတွေ အလကားပဲ၊ ပွင့်လင်းရိုးသားစွာ မလုပ်ခဲ့ တဲ့ Organization ကျတော့ ဘာလို့ အရေးမယူလဲ"ဟု မုံရွာမြို့ခံလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးပြော ကြားသည်။


သတင်းရင်းမြစ်−လူမှုကွန်ယက်
 



 



Follow us on