1. Home
  2. Myanmar News

Facebook Messenger မှတစ်ဆင့် ဆဲဆိုခဲ့သူအား ၆၆(ဃ)နဲ့ အရေးယူ

Myanmar News ก.ค. 26, 2560 view 1,522

အမျိုးသမီးငယ်တဦးကို Facebook လူမှုကွန်ရက်စာမျက်နှာ Messenger ကတဆင့် ညစ်ညမ်းစွာ ဆဲဆိုနှောင့်ယှက် ရေးသားခဲ့သူကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့် အရေးယူထားကြောင်း နယ်မြေရဲစခန်းမှ သတင်းရရှိသည်။


မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမ ကျေးရွာနေ အမျိုးသမီးငယ်တဦးဟာ ဇူလိုင် ၁၈ ရက်နေ့မနက် ၁၀ နာရီခွဲ အချိန်ခန့်က နေအိမ်မှာ Facebook လူမှုကွန်ရက် အသုံးပြုနေချိန် ရေနံမ ရေနံမြေရဲကင်းဝင်းနေ မိုးကျော်သူရဲ့ ရုပ်ပုံ Profile Picture အသုံးပြုထားတဲ့ YE KO KO အကောင့်နဲ့ Messenger ကတဆင့် မကြားဝံ့မနာသာ ညစ်ညမ်းစွာ ဆဲဆိုပြီး အသရေပျက်စေသည့် စာသားတွေနဲ့ နှောင့်ယှက်ရေးသားခဲ့တာကြောင့် ရေနံမ နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။


လူမှုကွန်ရက် Messenger အသုံးပြုပြီး ညစ်ညမ်းစွာ ဆဲဆိုရေးသားခဲ့သော ရေနံမ ရေနံမြေရဲ ကင်းစခန်းဝင်း နေသူ YE KO KO အကောင့်ပိုင်ရှင် မိုးကျော်သူ (၂၂နှစ်) ကို ဇူလိုင် ၂၅ ရက် ည ၇ နာရီ ၅၅ မိနစ်အချိန်က ရေနံမနယ်မြေရဲစခန်း(ပ)၇၆/၂၀၁၇ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး အမှုကို စစ်ဆေး ဆောင်ရွက်နေကြောင်း ဒုရဲအုပ်စိုးအေးက  ပြောကြားခဲ့ပါတယ်။
ရေနံမ တိုက်နယ်အတွင်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အရေးယူရတာ ဒီအမှုက ပထမဦးဆုံး ဖြစ်ကြောင်း စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ပြောကြားခဲ့သည်။

သတင်းရင်းမြစ်−DVB

 



Follow us on