1. Home
  2. Movie Stars - Celebrity

ပရိသတ်ကြီးကို အသံနဲ့ မနှိပ်စက်ရက်ပါဘူးဆိုတဲ့ ဆံတိုမလေး အေးသောင်း

Movie Stars - Celebrity ก.ค. 27, 2560 view 1,518

လတ်တလောမှာ မင်္ဂလာရှိတဲ့အရပ် ဇာတ်လမ်းတွဲရိုက်နေပါတယ်။ ရန်ကုန်ကို ကြော်ငြာတစ်ခုရှိလို့ ပြန်လာတာပါ။ ရတနာပုံ ဇာတ်လမ်းတွဲနဲ့ ပရိသတ်က အားပေးခဲ့တော့ ဒုတိယဇာတ်လမ်းတွဲအတွက် စိတ်ဖိစီးမှုများလားဆိုရင် မများပါဘူး။ ကားတိုင်းကိုတော့ သေချာပြင်ဆင်ပါတယ်။ ဒီဇာတ်လမ်းတွဲအတွက်လည်း ဆံပင်ညှပ်လိုက်တယ်။ တော်တော်များများက မလိုက်ဘူးလို့ ပြောကြတယ်။


ဒါပေမဲ့ လူတစ်ယောက်ရဲ့ မျက်နှာမှာ မိတ်ကပ်မပြောင်းဘဲ ပြောင်းသွားတာက ဆံပင်ပဲရှိတယ်။ အပေါ်ထပ်လေးတွေ ထပ်ဝတ်ထားတယ်။ ချည်ထည်ဝတ်ရင်လှမယ်ဆိုတာ သိပေမယ့် သဘာဝကျတာပိုလိုချင်တယ်။ ကိုယ့်ကာရိုက်တာအတွက် အပြည့်အဝ ကြိုးစားထားတယ်။

 

ဇာတ်လမ်းတွဲအရိုက်များလို့ ဇာတ်လမ်းတွဲမင်း သမီးဖြစ်သွားမလား၊ ဇာတ်လမ်းတွဲတွေပဲ ရိုက်ဖြစ်သွားမလားဆိုတာကတော့ ကမ်းလှမ်းလာတဲ့အပေါ်ပဲမူတည်ပါတယ်။ ဇာတ်လမ်းတွဲမှ မဟုတ်ဘူး။ တခြားကားရိုက်ဆိုရင်လည်း ကိုယ်နဲ့မလိုက်ရင် မရိုက်ဖြစ်ပါဘူး။

 

သီချင်းထပ်တင်ဖို့တော့ အစီအစဉ် မရှိသေးဘူး။ အဲဒီတုန်းကလည်း ကိုလင်းထက်က ပေါက်စီ အတွက် ရေးထားတာ ကြိုက်မလားမသိဘူးဆိုတော့ ပေါက်စီလည်း အရမ်းကြိုက်သွားတာနဲ့ မဆိုတတ်ဆိုတတ်နဲ့ ဆိုခဲ့တာပါ။ နောက်ထပ် ကမ်းလှမ်းမှုရှိလာရင်လည်း ပေါက်စီအဲဒီ လောက်ထိမတော်သေးတော့ အသံနဲ့တော့ မနှိပ်စက်ချင်တော့ဘူး။

 

သတင်းရင်းမြစ်−8days


 



Follow us on