1. Home
  2. Myanmar News

ဦးရာလူစနစ်နဲ့သာ ရောင်းချတဲ့ N95 mask နှာခေါင်းစည်းများ

Myanmar News ก.ค. 28, 2560 view 1,503

လူတွေ လက်ရှိ ထိတ်လန့်နေကြတဲ့ အိတ်ခ်ျဝမ်း အင်န်ဝမ်းရောဂါပိုးကို ကာကွယ်မယ့် N95 mask တွေကို အော်ဒါ မှာယူမှုများလွန်းတာကြောင့် ဦးရာလူစနစ်နဲ့သာ ကန့်သတ်ရောင်းချတော့မယ်လို့ Yangon – Singapore – Yangon-Delivery ရဲ့ ဝန် ဆောင်မှုလုပ်နေသူတစ်ဦးက ဆိုပါတယ်။

“အော်ဒါတွေ မထင်မှတ် အောင်များနေလို့ ဖုန်းပါပိတ်လိုက် ရတယ်၊ ဖေ့စ်ဘုတ်ခ်မက်ဆေ့ခ်ျကနေလဲ လူအယောက် ထောင်ချီ လောက် မှာနေကြတယ်၊ ကျွန်တော်တို့ကလဲ စင်ကာပူကနေ လေကြောင်းနဲ့ သယ်မှာဆိုတော့ ကီလို ၆၀ စာပဲ သယ်လို့ရတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ရှိတဲ့ နေရာကို လာဝယ်ရင်တောင် တစ်ယောက်တစ်ဘူးနှုန်းနဲ့ ဦးရာလူကို ရောင်းမှရတော့မယ်”လို့ တာဝန်ရှိသူက ပြောပါတယ်။

အွန်လိုင်းရှော့ပင်းပေ့ခ်ျတစ်ခုဖြစ်တဲ့ Royal pearl ကလည်း Admin တစ်ယောက်ချင်းစီကို မဖြေပေးနိုင်တာ ခွင့်လွှတ်ပါ၊ လို ချင်သူများ လာဝယ်နိုင်ပါတယ်၊ ကလေးတွေအတွက် ဦးစားပေးရောင်းပေးပါတယ်၊ mask က ကွက်တိကျမှ စိတ်ချရတာမို့ လာဝယ်တဲ့အခါ ဆိုက်တိုင်းပြီးမှ ဝယ်ပေးပါ”လို့ တင်ထားပါတယ်။ တချို့အွန်လိုင်းရှော့ပင်းတွေဆိုရင် ဝယ်သူ၊ မှာယူသူများ လွန်းတာကြောင့် ပစ္စည်းပြတ်တဲ့ အခြေ အနေအထိ ရောက်နေတယ်။ Mask တွေ ရောင်းချဖို့ ဆက်တိုက်မှာနေရကြောင်း အွန်လိုင်း ရှော့ပင်းသမားတစ်ဦးက ပြောပါတယ်။ Royal pearl online shopping မှာ ပစ္စည်းတွေ တစ်သုတ်ပြီး တစ်သုတ်မှာယူနေရပါတယ်။

သည် N 95 mask တွေကို ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးကျောင်းသားတွေနဲ့ ကလေးတွေကို ဦးစားပေးရောင်း ချနေကြောင်း သိရပါတယ်။ သုံးစွဲသူတစ်ဦးက “ကျွန်မ အဲ ဒီရောဂါအကြောင်း သတိပေးတာ သိတဲ့အချိန်ကစပြီး N95 mask ကို မြို့ထဲက ဆိုင်တွေမှာ သွားဝယ်တယ်၊ ပစ္စည်းက မရတဲ့ဆိုင်ကများနေလို့ အွန်လိုင်းက သူငယ်ချင်းကရောင်းလို့ သူ့ဆီကနေပဲ ဝယ်လိုက်တယ်၊ တစ်ခုကို (ကျပ်) ၄၀ဝ၀ တောင် ဝယ်ရတယ်”လို့ ဆိုပါတယ်။

Credit : kumudranews

Author / မေဘယ်လ်



Follow us on